ကိုဗစ်ရောဂါကူးစက်မှုကြားက ကျင်းပမယ့် မြန်မာ့ရွေးကောက်ပွဲ…
၂၀၂၀ ပြည့် ရွေးကောက်ပွဲတွေကျင်းပဖို့ ၂ လပဲ လိုတော့တဲ့အချိန်မှာ နိုင်ငံတွင်း ကိုဗစ်ရောဂါ ဒုတိယလှိုင်း ပျံ့နှံ့ကူးစက်မှုက တန့်မသွားဘဲ တိုးနေဆဲရှိပါတယ်။

ဒီအခြေအေနေအောက်မှာ ရွေးကောက်ပွဲတွေ ကျင်းပမယ်ဆိုရင် နိုင်ငံရေးပါတီအသီးသီးအတွက် မဲဆွယ်စည်းရုံးရေးပိုင်းတွေမှာ မညီမ ျှမှုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်တွေကလည်း ရှိထားပါတယ်။
ဒါကြောင့်လည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲတွေကို ရွှေ့မလား မရွှေ့ဘူးလားဆိုတဲ့ မေးခွန်းကလည်းရှိနေတာပါ။
ကိုဗစ်ကူးစက်မှု အဆိုးဆုံးအခြေအနေမှာ ရောက်နေတဲ့ ရခိုင်ပြည်နယ်ဘက်မှာဆိုရင်တော့ လက်နက်ကိုင်ပဋိပက္ခတွေကလည်း ဆက်ဖြစ်နေဆဲပါပဲ။
ဒီအခြေအနေအားလုံးအပေါ် ခြုံငုံသုံးသပ်ထားတဲ့အမြင်တွေကို အခုဆွေးနွေးခန်းမှာ နားဆင်ကြရပါမယ်။
သီပေါမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း၊ ရခိုင်အမျိုးသးာပါတီ (ANP) ရဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းတို့ ပါဝင် ဆွေးနွေးထားကြပါတယ်။
အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….
#Th