Latest Breaking News & Headlines

အမျိုးသားဒီမိုကရေအစီအဖွဲ့ချုပ်(NLD) ရွေးကောက်ပွဲ အောင်နိုင်ရေးလှုပ်ရှားမှုများ စက်တင်ဘာ ၈ ရက်တွင် ကိုဗစ်ကာလ စည်ကမ်းများနှင့်အညီ စတင် …

98

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပြုလုပ်မည်ဖြစ်ရာ အမျိုးသားဒီမိုကရေအစီအဖွဲ့ချုပ်(NLD)၏ ရွေးကောက်ပွဲ အောင်နိုင်ရေးလှုပ်ရှားမှုများကို စက်တင်ဘာ ၈ ရက် နံနက် ၈ နာရီတွင် ကိုဗစ်ကာလ စည်ကမ်းများနှင့်အညီ နိုင်ငံတဝှမ်း၌ စတင်ဆောင်ရွက်ကြကြောင်း အမျိုးသားဒီမိုကရေအစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံမှ သိရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲအောင်နိုင်ရေး အလံတင် အခမ်းအနားကို နေပြည်တော်ရှိ ယာယီဌာနချုပ်၌ စက်တင်ဘာ ၈ ရက် နံနက် ၈ နာရီက ကျင်းပရာ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယဥက္ကဋ္ဌ(၁) ဦးဝင်းမြင့်တို့ တက်ရောက်ခဲ့ကြသည်။

“နိုဝင်ဘာလ (၈) ရက်နေ့မှာ ပြည်သူတွေအားလုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကို မဲပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်မတို့ရဲ့ အောင်လံခိုင်ဖို့ဆိုတာဟာ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ သာယာဝပြောရေး ခိုင်မာဖို့ဖြစ်ပါတယ်ဆိုတာ ပြောချင်ပါတယ်။ NLD ကို မဲပေးဖို့ မမေ့ကြပါနဲ့။”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ(၁) ဦးဝင်းမြင့်က “မပြီးဆုံးသေးသည့် ဒီမိုကရေစီအရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကို မဲပေးကြပါ။”ဟု နေပြည်တော်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ်တင် အခမ်းအနားများကို စက်တင်ဘာ ၈ ရက် နံနက် ၈ နာရီက နိုင်ငံတဝှမ်း၌ ကျင်းပခဲ့ရာ သက်ဆိုင်ရာမြို့နယ်များမှ ဝင်ရောက်အရွေးချယ်ခံကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ တက်ရောက်ကြသည်။

“အသက် ၁၈ နှစ် ပြည့်ပြီးသူ မဲပေးခွင့်ရှိသူတိုင်း မဲပေးကြပါ။ ဘယ်သူ့ပေးပေးပါ။ ဘာကြောင့်မဲပေးရတာလဲဆိုတော့ အာဏာဟာ ပြည်သူ့ထံက ဆင်းသက်တယ်ဆိုတာ သက်သေပြဖို့ မဲပေးဖို့လိုတယ်။” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာဇော်မြင့်မောင်က အမရပူရမြို့နယ်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အနေဖြင့် နိုင်ငံတဝှမ်း လွှတ်တော်နယ်မြေအသီးသီး၌ လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၁၄၃) ဝင်ရောက်အရွေးချယ်ခံကြမည်ဖြစ်သည်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

#Th

Leave A Reply

Your email address will not be published.

error: Content is protected !!