Latest Breaking News & Headlines

ကိုဗစ်ဓါတ်ခွဲအတည်ပြု ၉၉ ဦးတိုးလာသလို ရောဂါကြောင့် နှစ်ဦးထပ်မံသေဆုံး…

157

ကိုဗစ်ဓါတ်ခွဲအတည်ပြု ၉၉ ဦးတိုးလာသလို ရောဂါကြောင့် နှစ်ဦးထပ်မံသေဆုံး…

မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၈ ရက်နေ့ ညပိုင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာချက်အရ COVID-19 ကူးစက်သူ လူနာသစ် ၉၉ ယောက်ထပ်ပြီး အတည်ပြုလိုက်တဲ့အတွက် စုစုပေါင်း ကူးစက်သူ ၁,၇၀၉ ယောက် ရှိပြီဖြစ်ပါတယ်။ ရောဂါကြောင့်သေဆုံးသူ နှစ်ဦးတိုးလာတဲ့အတွက်လည်း COVID 19 ရောဂါနဲ့ သေဆုံးသူမြန်မာနိုင်ငံမှာ ၁၀ ဦး ရှိသွားပြီဖြစ်ပါတယ်။

စက်တင်ဘာလ ၈ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ စုစုပေါင်း ၂,၂၃၅ ခုကို စစ်ဆေးခဲ့တာမှာ အခုလို ၉၉ ယောက်အတည်ပြုခဲ့တာပါ။ အတည်ပြုလူနာတွေထဲ မန္တလေးတိုင်း မြင်းခြံမြို့နယ်က ၁၁ ယောက်၊ သာစည်မြို့နယ်က ၄ ယောက်၊ အောင်မြေသာဇံ မြို့နယ်က ၁ ယောက်နဲ့ ကျန် အတည်ပြုလူနာ ၈၃ ယောက်က ရန်ကုန်မြို့အတွင်း မြို့နယ် အသီးသီးက ဖြစ်ပါတယ်။ အတည်ပြုလူနာတွေရဲ့ အသေးစိတ်အချက်အလက်တွေကို ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ဓာတ်ခွဲအတည်ပြုလူနာတွေထဲ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ ဆီးချိုနဲ့ သွေးတိုးရောဂါ အခံရှိ အသက် ၆၅ နှစ်အရွယ် ဓာတ်ခွဲအတည်ပြုလူနာအမျိုးသားအမှတ် ၁,၆၂၉ ဟာ စက်တင်ဘာလ ၇ ရက်နေ့မှာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် အသက်ရှုလမ်းကြောင်း ရုတ်တရက် ပျက်စီးသေဆုံးခဲ့ပါတယ်။

နောက်ထပ် COVID-19ကုသရေးဌာန (ဖောင်ကြီး) မှာ တက်ရောက်ဆေးကုသခံယူနေတဲ့ အသက် ၈၂ နှစ်အရွယ် ဆီးချိုနဲ့ သွေးတိုးရောဂါ အခံရှိသူ ဓာတ်ခွဲအတည်ပြုလူနာအမျိုးသမီး အမှတ် ၁၄၈၅ ဟာလည်း စက်တင်ဘာလ ၈ ရက်နေ့မှာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် အသက်ရှုလမ်းကြောင်း ရုတ်တရက် ပျက်စီးသေဆုံးခဲ့ပါတယ်။မြန်မာနိုင်ငံမှာ အခုထိ COVID-19 ဓာတ်ခွဲ စစ်ဆေးမှုပေါင်း ၁၇၀,၀၀၀ နီးပါးပြုလုပ်ခဲ့ပြီး အတည်ပြုလူနာတွေထဲ ရောဂါကင်းစင်လာသူက ၄၆၀ ရှိပါတယ်။ စက်တင်ဘာလ ၈ ရက်နေ့ နေ့လယ်ပိုင်းအထိ စောင့်ကြည့်လူနာ အသစ်က ၁၈၈ ယောက်ရှိပါတယ်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

#Th

Leave A Reply

Your email address will not be published.

error: Content is protected !!