Latest Breaking News & Headlines

ထိုင်းမြန်မာနယ်စပ် ကိုဗစ်အခမဲ့စစ်ဆေးပေး…

72

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါပိုးဖြစ်နှုန်း မြင့်တက်လာတာကြောင့် ထိုင်းမြန်မာနယ်စပ်တွေကိုပါ ကူးစက်ပြန့်ပွားလာမှာကို စိုးရိမ်ပြီး ထိုင်းမြန်မာနယ်စပ်တာ့ခ်ခရိုင်ထဲမှာ မြန်မာနိုင်ငံသား အများအပြားနေထိုင်ရာနေရာက လူ ၃,၀၀၀ ကို အခမဲ့ ကိုဗစ်စစ်ပေးမှုလုပ်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပါမယ်။

ထိုင်းဘုရင်ရဲ့ အစီအစဉ်နဲ့ ရောဂါရှာဖွေစစ်ဆေးရေး ရွေ့လျားမော်တော်ယာဉ်တွေနဲ့ မဲဆောက်မြို့နယ်အတွင်းက စာသင်ကျောင်းနဲ့ အကျဉ်းထောင် နယ်စပ်ချစ်ကြည်ရေးတံတားနဲ့ မြန်မာဘက်က လူတွေအဝင်အထွက်များတဲ့ နေရာတွေကို အခမဲ့ ကိုဗစ်စစ်ဆေးပေးတဲ့ ဝန်ဆောင်မှုကို စက်တင်ဘာလ ၈ ရက်နေ့က စတင်ခဲ့ပါတယ်။ ဒီစစ်ဆေးပေးပွဲကို တာ့ခ်ခရိုင်ဝန်လည်း တက်ရောက်ခဲ့ပါတယ်။အခမဲ့ဝန်ဆောင်ရာမှာ သက်ဆိုင်ရာစင်တာ အနီးအနားမှာ ရှိတဲ့ မည်သူမဆို လူမျိုးမရွေး၊ ဘာသာမရွေး သွားရောက်စာရင်းပေးသွင်းပြီး စစ်ဆေးမှု ခံယူနိုင်ပါတယ်။ ဒီအစီအစဉ်နဲ့ ပတ်သက်လို့ အစ္စလာမ်စာသင်ကျောင်းစင်တာက မြန်မာနိုင်ငံသားစေတနာဝန်ထမ်း တဦးကအခုလိုရှင်းပြပါတယ်။

“အခု ဆိုရင် တာ့ခ်ခရိုင်မဲဆောက်မှာ နယ်စပ်ဖြစ်တဲ့အတွက် ထိုင်းအစိုးရကနေပြီးတော့ တာ့ခရိုင်မဲဆောက်ကို ကိုယ်တာ ၃,၀၀၀ ပေးတယ်။ ကျနော်တို့ အစ္စလာမ်ရပ်ကွက်ကိုတော့ အယောက် ၁,၀၀၀ ပေးတယ်၊ နောက်နယ်စပ်ဖြစ်တဲ့ ဝမ်သခီယမ်မှာတော့ အယောက် ၇၀၀ ပေးတယ်။ တာ့ နောက်မဲဆောက်ထောင်အတွက် ပထမဦးဆုံးအမှု ဖြစ်ပြီး- ဝင်လာတဲ့သူတွေထဲက လူ ၃၀၀၊ ဒုတိယချစ်ကြည်ရေးတံတားအတွက် အယောက် ၂၀၀၊ ဝပ်မဲ့ကစာဆိုတဲ့ ဘုန်းကြီးကျောင်းအတွက်ကတော့ အယောက် ၈၀၀ ပေးတယ်။

အဲဒီထဲမှာ ရွှေ့ပြောင်းအလုပ်သမားတွေ ရှိတယ်၊ ရပ်ကွက်မှာရှိတဲ့ ထိုင်းလူမျိုးတွေလည်းပါတယ်၊ ရွှေ့ပြောင်းကျောင်းသားတွေရဲ့ မိဘတွေလည်း ပါတယ်။ ရောဂါအတွက်လာစစ်တဲ့နေရာမှာ ကျနော်အစ္စလာမ်စာသင်ကျောင်းကို စင်တာလုပ်ပြီး ဆားဗစ်ပေးပါတယ်။”ဒီနေ့မှာတော့ ကိုဗစ်ကပ်ရောဂါပိုး လာရောက်စစ်ဆေးသူ အများစုဟာ မြန်မာနိုင်ငံသားတွေဖြစ်ကြပါတယ်။ စျေးရောင်းရင်းနဲ့ လာပြီး စစ်ဆေးမှုခံယူတဲ့ မြန်မာအမျိုးသမီး တဦးကတော့အခုလိုပြောပြပါတယ်။”ကူးစက်လည်း မြန်တယ်။

မြန်တဲ့အတွက်ကြောင့် ရောဂါဆက်မကူးအောင်လာပြီး စစ်တာပေါ့နော်။ တဦးနဲ့ တယောက်အများဖြစ်လာရင် ရောဂါပိုးကူးစက်လာရင် အိမ်မှာကလည်း မိသားစုတွေလည်း ရှိတယ်မဟုတ်လား။”မြန်မာနိုင်ငံဘက်မှာ ကိုဗစ်ကပ်ရောဂါကူးဆက်မှုနှုန်း မြင့်မားလာတဲ့အတွက် ထိုင်းဘက်ကစိုးရိမ်ပူပန်မှုတွေ ရှိနေပြီး ဒီလို ရွေ့လျားမော်တော်ယာဉ်တွေနဲ့ စစ်ဆေးပေးတာ ပထမဦးဆုံးဖြစ်ပါတယ်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

#Th

Leave A Reply

Your email address will not be published.

error: Content is protected !!