Latest Breaking News & Headlines

နိုင်ငံတော် ရဲ့ ဝန်ထမ်းတွေကို အတိုးမဲ့(၂)လစာ ထုတ်ချေးမည့် ရက်ကို အတိအလင်း ကြေငြာလိုက်ပြီ…

259

နိုင်ငံ့ဝန်ထမ်း (အမြဲတမ်း)များကို အောက်တိုဘာ ၁ ရက်မှစတင်ကာ လစာ (၂) လစာ အတိုးမဲ့ဖြင့် ထုတ်ချေး မည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးမှ ထုတ်ပြန်ထားသည်။Covid-19 ကပ်ရောဂါ သက်ရောက်မှုများ ကုစားနိုင်ရန် နိုင်ငံ့ဝန်ထမ်း များကို လစာ ၂ လစာ အတိုးမဲ့ထုတ် ချေးခြင်း ဖြစ်ကြောင်းထုတ်ပြန်ထားသည်။ ချေးငွေထုတ်ချေးပေးမည့်ဝန်ထမ်းများသည် အောက်တိုဘာလ ၁ ရက်နေ့တွင် တာဝန်ထမ်းဆောင်ဆဲဖြစ်သ ည့်နိုင်ငံ့ဝန်ထမ်းများ၊ စာဖြင့်သတိပေးခြင်း နှစ်တိုး လစာရပ်ဆိုင်းခြင်းနှင့်

ရာထူးတိုးမြှင့်ခြင်းကို ရပ်ဆိုင်းခြင်း ပြစ်ဒဏ်ကျခံနေရသည့် ဝန်ထမ်းများ၊ လစာနှုန်းအတွင်းလစာလျှော့ချခြင်းပြစ်ဒဏ် ကျခံနေရသည့် ဝန်ထမ်းများ၊ ရာထူးအဆင့် လျှောချခြင်းပြစ်ဒဏ်ကျ ခံနေရသည့်ဝန်ထမ်းများ၊ တာဝန်မှ ယာယီရပ်ဆိုင်းခဲ့သည့်ကာလအတွက် လစာအပြည့်ခံစားခွင့်မပြုခြင်းပြစ်ဒဏ်ကျခံနေရသည့်ဝန်ထမ်းများ၊ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂ ရက်နေ့ မှစ၍ ၂၀၂၂ ခုနှစ်၊ မတ်လ ၁ ရက်နေ့အထိ အတွင်း အငြိမ်းစားယူမည့် နိုင်ငံ့ဝန်ထမ်း များကိုချေးငွေထုတ်ချေး ပေးမည်ဖြစ်သည်။ ချေးငွေပြန်လည်ကောက်ခံရာတွင် ပြန်လည် ပေးဆပ်မှုကို ဆိုင်းငံ့ကာလကုန်ဆုံးချိန် မှစ၍ လစဉ် လစာမှဖြတ် တောက်ကောက်ခံခြင်း၊ ဝန်ထမ်းသည် ဌာနကူးပြောင်းပါက လက်ခံသည် ဌာနက ဝန်ထမ်းလစာမှဖြတ်တော က်၍ မူလချေးငွေယူ ခဲ့သည့် ဌာနသို့ ပြန်လည်ပေးသွင်းရန်၊

ဝန်ထမ်းအဖြစ်မှထုတ်ပယ်ခြင်း ပြုသည့် အချိန်တွင် ပြန်လည်ပေးဆပ်ရမည့်ချေးငွေကို အပြေအကျေ ကောက်ခံရန်၊ ဝန်ထမ်းရာထူးမှနှုတ်ထွက် ပါက နှုတ်ထွက်ခွင့်မပြုမီ ချေးငွေကို အကျေပေးပြီးမှနှုတ်ထွက်ခွင့်ပြုရန်၊ ချေးငွေမကျေမီ ဝန်ထမ်းသေဆုံးပါက ကျန်ရစ်သူမိသာစုမှပြန်လည်ပေးဆပ်ရန်၊ အငြိမ်းစားယူမည့်ဝန်ထမ်းများ ချေးငွေပြန်ဆပ်မှုနှင့် ပတ်သက်၍ အငြိမ်းစားယူချိန်တွင် အပြီးပေးဆပ်စေရမည် ဖြစ်သည်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

#Th

Leave A Reply

Your email address will not be published.

error: Content is protected !!