Latest Breaking News & Headlines

ဒီ‌နေ့တော့ မြန်မာနိုင် ငံအတွက် မင်္ဂလာ ရှိ တဲ့ သတင်း ပါ…

198

မြန်မာနိုင်ငံ အတွက် Covid-19 ပတ်သတ်တဲ့ မင်္ဂလာသတင်း .. ဒီနေ့တော့မြန်မာနိုင်ငံအတွက် မင်္ဂလာရှိတဲ့သတင်းပါ Corona Virus ပိုးဟာ လူ မှာ လက္ခဏာစတင်ပြသတဲ့အချိန်ကနေ ၁၁ ရက်ကြာပီးတဲ့နောက်မှာ တခြား လူတဦးကို ကူးစက်မှု လုံးဝမရှိနိုင်တော့ဘူးဆိုတာကို နိုင်ငံတကာပညာရှင်တွေက အတည်ပြုခဲ့ကြတာပါပဲ။

သဘောကတော့ ၁၁ ရက် ကျော်သွားချိန်မှာ ပိုးစစ်ရင် ပိုးတွေ့နိုင် သေးပေမယ့် အဲဒီပိုးဟာ တခြားလူကို မကူးစက်နိုင်တော့ပါဘူး။ ဒါကြောင့် Q ဝင်ရမယ့်ရက်ကို ၁၄ ရက်ကို ပြန်လည်လျှော့ချနိုင် ခဲ့ပီ ဖြစ်ပါတယ်။ လက်ရှိပြည့်ညှပ်နေတဲ့ Q စင်တာတွေ အတော်ချောင်သွားမှာဖြစ်သလို နောက်ထပ် ဝင်လာမယ့်သူတွေအတွက်လဲ အဆင်ပြေသွားပါမယ်။ မြေပြင်က ပရဟိတသမားတွေ နဲ့ ထွေအုပ်တွေ အမတ်တွေ ကျန်းမာရေးဝန်ထမ်းတွေ အတော်အဆင်ပြေသွားပါပီ။ နောက်ထပ် အရေးကြီးအချက် ကတော့ ပိုးတွေ့လို့ ဆေးရုံတက် ကုသနေရတဲ့လူနာတွေဟာ အရင်ကဆို Swab test ၂ခါ Negative ဖြစ်မှ ဆေးရုံက ပေးဆင်းပီး အိမ်မှာ ၇ ရက် ဆက် Q ခိုင်းရပါတယ်။ အခုတော့ အဲဒီလို မလိုတော့ ပါဘူး။ ရောဂါလက္ခဏာပြသည့်နေ့မှ ၁၀ ရက်၊ လက္ခဏာပျောက်ကင်းပီး ၄ ရက်ဆိုရင် ဆေးရုံက ပေးဆင်းလို့ရပါပီ။

သို့ပေမယ့် ဆေးရုံမှာတော့ ၁၄ ရက်တော့ အနည်းဆုံး နေရမှာ ဖြစ်ပါတယ်။ အကယ်လို့ လက္ခဏာမပြပဲ ပိုးတွေ့တဲ့ Silent Carrier ဆိုရင်တော့ ပိုးတွေ့ပီး ၁၄ ရက်နေရင် အိမ်ပြန်လို့ ရပါပီ။ အရင်ကလို Negative ၂ ခါ မထွက်မချင်း အကြိမ်ကြိမ် နှာခေါင်း ကို ထိုးပီး တို့ဖတ်နမူနာ ရယူဖို့ မလိုတော့သလို ကျန်းမာရေးဘက်ကလဲ Negative ၂ ခါ မရမချင်း ဆေးရုံမှာ လနဲ့ချီပီး ကုသဖို့ မလိုတော့ပါဘူး။ လူနာဘက်ကော ဓာတ်ခွဲရတဲ့ဘက်ကကော ကျန်းမာရေးဝန်ထမ်းတွေဘက် ကကော အလွန်ကို သက်သာရရစေမယ့် ပြောင်းလဲမှုကြီးတွေပါ။ ဒီအချက်တွေဟာ လက်ရှိ ထိန်းချုပ်နေရတဲ့ ရောဂါပြန့်ပွားမှုကို တားဆီးရာမှာ အသာစီး ရသွားစေမယ့် အချက်တွေမို့ ပြည်သူတွေအတွက် အလွန် ဝမ်းမြောက် ရမယ့် အနေအထားပါပဲ။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

#Th

Leave A Reply

Your email address will not be published.

error: Content is protected !!