စက်တင်ဘာလ (၈) ရက်နေ့မှာ ယုံ ကြည် ရာကို ပြသပြီး ရဲရဲတောက် နီခဲ့ ကြတဲ့ ပြည်သူချစ် အနုပညာ ရှင်များ…
နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပ တော့မယ့် အထွေထွေရွေးကောက်ပွဲကြီးကတော့ ပြည်သူတစ် ရပ်လုံးအတွက် စိတ်ဝင်စားစရာတွေဖြစ်လို့ နေတာပဲ ဖြစ်ပါတယ်။

အနုပညာရှင်များအနေနဲ့လ ည်း ပြည်သူတွေကို မဲစာရင်းစစ်ဆေးကြဖို့ တိုက်တွန်းပေးကြသလို သူတို့ယုံကြည်ရာကိုလည်း လွ တ်လွတ် လပ်လပ် ထုတ်ဖော်ပြသနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ စက်တင်ဘာလ (၈) ရက်နေ့မှာ တော့ ပါတီအစုံက ရွေးကောက်ပွဲ မဲဆွယ်ကာလ စတင်တဲ့နေ့မှာလည်း အလွှာအသီးသီးက ပြည် သူလူထုတွေနဲ့အတူတူ အနုပညာရှင်တွေကလည်း သူတို့ယုံကြည်ရာ ရွေးချယ်မှုကို ပြသခဲ့ပါ တယ်။

တစ်နိုင်ငံလုံး ရှိ ပြည်သူလူထု အလွှာအသီးသီး မှာ လူထုများနဲ့အတူတူ ပြည်သူချစ် အနုပ ညာရှ င်များဖြစ်ကြတဲ့ ဖွေးဖွေး၊ ရွှေမှုံရတီ၊ ရွှေထူး၊ နေတိုး၊ မင်းမော်ကွန်း၊ အလင်းရောင်၊ နန်းခင် ဇေ ယျာ၊ ဒါရိုက်တာဝိုင်း၊ ဇာဏ်ခီ၊ ခရစ္စတီးနားခီ၊ ကျော်ထက်ဇော်၊ ဖြိုးပြည့်စုံ၊ အိုင်းရင်းဇင်မာမြင့်၊ ဂျူဝယ်လ်၊ ပိုင်ဖြိုးသု၊ ရင်ဂို၊ ကျော်သူ၊ စိုးပြည့်သဇင်၊ ဒေါင်း စတဲ့ ရုပ်ရှင်၊ ဂီတ၊ ဘဘင် နယ်ပယ် အသီးသီးက အနုပညာရှင်တွေကတော့ ရဲရဲတောက်နီကြကာ ယုံကြည် အားထားရာကို ပြသခဲ့ကြ ပါ တယ်။

ပရိသတ်ကြီးရေ အနုပညာရှင်တွေ ကတော့ လာမယ့် အထွေထွေ ရွေးကောက်ပွဲကြီးအတွက် သူတို့ဆန္ဒရှိရာကို ပြသခဲ့ပြီပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက် ပါတယ်နော်။