Latest Breaking News & Headlines

ဒိုင်အချို့ရဲ့ လုပ်ရပ်ကြောင့် ပရိသတ်တွေကြား ဝေဖန်မှုမြင့်တက်နေတဲ့ ပြိုင်ပွဲဝင် တစ်ယောက် ရဲ့ သီချင်း…

358

မနေ့ညက ထုတ်လွှင့်ပြသ ခဲ့တဲ့ The Voice Myanmar Third Week Blind Audition ပွဲမှာတော့ ရွက်ပုန်းသီးဝါသနာရှင်တွေ များစွာ ပါဝင်ယှဉ်ပြိုင်ခဲ့သလို ပရိသတ်ဆန္ဒနဲ့ထပ်တူကျခဲ့တဲ့ ပြိုင်ပွဲဝင်တွေလည်း ပါဝင်ခဲ့ပါတယ်။ အဲ့ဒီထဲမှာမှ ပင်ကိုယ်အသံအားကောင်းကောင်း နဲ့ ဒိုင်လေးယောက်စလုံး ကို ဆွဲဆောင်နိုင် ခဲ့သူတော့ တောင်တွင်းကြီးမြို့နယ်ကနေ လာရောက် ယှဉ်ပြိုင်တဲ့ ကိုရဲခန့်ပါ။

“ညို့သောပင်လယ် ဆွဲငင်သောလမင်း” သီချင်းလေးနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး လတ်တလော မှာတော့ ဒီသီချင်း နဲ့ ပတ်သက်ပြီး ပရိသတ်ကြားမှာ ဝေဖန်မှုတချို့ထွက်ပေါ်လျက်ရှိပါတယ်။ ဒီသီချင်းကတော့ ခေတ်အဆက်ဆက်ပရိသတ်ကြားမှာ ရေပန်းစားခဲ့တဲ့သီချင်းဖြစ်တာကြောင့် ပြန်ဆိုသူတွေ အများအပြားရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ပါ။ ဘိုဘိုနဲ့ ရတနာဦးတို့ သီဆို ခဲ့သလို The Voice Myanmar ရဲ့ဒိုင်တစ်ဦးဖြစ်တဲ့ R ဇာနည်နဲ့ မီးမီးခဲတို့လည်း ဒီသီချင်းကို သီဆိုခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အိပ်မက်ဆုံရာ(ရာသက်ပန်) ရဲ့ Winner တစ်ဦး ဖြစ်တဲ့ အောင်ထက်လည်း သီဆိုခဲ့ပြီး အရမ်းပေါက် ခဲ့တယ်လို့ ဆိုရမှာပါ။ ကိုရဲခန့်ရဲ့သီဆိုမှုအပြီးမှာတော့ ဒိုင်တစ်ဦးဖြစ်သူနီနီခင်ဇော်က အဆိုတော်အောင်ထက်ထံဖုန်းခေါ်ခဲ့ပြီး ပြိုင်ပွဲဝင် ကိုရဲခန့်နဲ့ မိတ်ဆက်ပေး ခဲ့တဲ့အပြင် အဆိုတော်ကျားပေါက် နဲ့ နီနီတို့နှစ်ယောက် ကတော့ ကိုရဲခန့်ကို ရဖို့ အောင်ထက်နဲ့ စကားပြော ခဲ့ကြပါတယ်။

ဒီလိုအကြောင်းအရာ နဲ့ ပတ်သက်ပြီး ပရိသတ်တွေကတော့ ဒီသီချင်းကို အရင်သီဆိုခဲ့သူက R ဇာနည်ဖြစ်တာမို့ R ဇာနည်အတွက် မျက်နှာပူခဲ့ကြသလို ဝေဖန်တဲ့မှတ်ချက်တွေကိုလည်း ရေးသားခဲ့ကြပါတယ်။ ဒါပေမယ့် ပြိုင်ပွဲဝင်ကိုရဲခန့်ကတော့ သူ့ရဲ့ Coach အနေနဲ့ R ဇာနည်ကို ရွေးချယ်ခဲ့ပါတယ် ပရိသတ်ကြီးရေ…

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

#Th

Leave A Reply

Your email address will not be published.

error: Content is protected !!