Latest Breaking News & Headlines

နွားထိုးကြီးမြို့တွင် နှာခေါင်းစည်းမတပ်သည့် နေအိမ်ပြင်ပထွက်ခွာသူများကို ယခုဝယ် ယခုတပ်စနစ်ဖြင့် စစ်ဆေးဆောင်ရွက်…

65

နွားထိုးကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပွားစေရေးအတွက်ပြည်သူများအနေ ဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်စေခြင်းကို ယနေ့နံနက် ၁၀ နာရီက ကို ဗစ် -၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီက မြို့အပြင် စစ်ဆေးရေးဂိတ်နှင့်မြို့နယ်အ တွင်းရှိ ရပ်ကွက်များ၊လူစည်ကားရာ နေရာများတွင် နှာခေါင်းစည်းမတပ်ဆင်သူများအား Mask နှစ်ခုလျှင် ငွေကျပ် ၂၀၀၀နှုန်းဖြင့် ယခုဝယ်၊ယခုတပ်စနစ်ဖြင့် စစ်ဆေးဆောင်ရွက်လျက် ရှိသည်။

မြို့နယ်နေပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း မဖြစ်မနေတပ် ဆင်ကြရန်နှင့် ကိုဗစ် -၁၉ ကူစက်ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထား သော လမ်းညွှန်ချက်များအား မြို့နယ် ကိုဗစ် -၁၉ ထိန်ချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ တနေ့ လျှင် နှစ်ကြိမ်လှည့်လည် စစ်ဆေးဆောင်ရွက်မည် ဖြစ်ပြီး မေတ္တာမွန်လူမှုကူညီရေးအသင်းမှ မြို့ပေါ်ရှိလုပ် သားပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့်ပညာပေး စစ်ဆေးရေးလုပ်ကိုင်နေသော အဖွဲ့ကို Face Shield များလှူဒါန်းခဲ့ကြောင်း သိရသည်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

#Th

Leave A Reply

Your email address will not be published.

error: Content is protected !!