မြန်မာနိုင်ငံ ကိုဗစ်ဓါတ်ခွဲအတည်ပြု လူ ၁,၅၀၀ ကျော်ပြီ…
မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၁,၅၀၀ ကျော်သွားပါပြီ။ ဒီနေ့ စက်တင်ဘာ ၇ ရက် ည ၈ နာရီမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ လူနာသစ် ၅၄ ယောက် ထပ်တေတွ့တဲ့အတွက် စုစုပေါင်း ကိုဗစ် အတည်ပြုလူနာ ၁,၅၁၈ ယောက်ဖြစ်ပါတယ်။ လူနာသစ်တွေက ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်တွေက ဖြစ်ပါတယ်။

ဒီနေ့ နေ့လယ်ပိုင်းကလည်း စက်တင်ဘာ ၆ ရက်နေ့က ဓါတ်ခွဲနမူနာရလဒ်တွေ ထုတ်ပြန်ခဲ့ချိန်ကလည်း အတည်ပြုလူနာ ၁၄၅ ယောက် အသစ်တွေ့ရှိပါတယ်။ အဲဒီအတည်ပြုလူနာတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ်တွေပါဝင်ပြီး အသက်အသက်ဆုံး အတည်ပြုလူနာက ၁၀ လအရွယ် မိန်းကလေးငယ်ဖြစ်ပါတယ်။
ဒီနေ့ စက်တင်ဘာ ၇ ရက်အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုတွေကို ရန်ကုန် အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနမှာ ပထမအသုတ် ဓာတ်ခွဲနမူနာ ၆၅၆ ခု၊ ဆေးသုတေသနဦးစီးဌာနမှာ ဓာတ်ခွဲနမူနာ ၁၃၉ ခု၊ မန္တလေးမြို့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနမှာ ဓာတ်ခွဲနမူနာ ၂၂၄ ခုနဲ့ မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ဓာတ်ခွဲနမူနာ ၁၅၁ ခု၊ စုစုပေါင်း ၁,၁၇၀ ခုကို ညနေပိုင်းမှာ စစ်ဆေးပြီးစီးခဲ့တာဖြစ်ပါတယ်။အခုအချိန်အထိ မြန်မာနိုင်ငံမှာ ကိုဗစ် အတည်ပြုလူနာ ၁,၅၁၈ ယောက်၊ ပိုးတွေ့ပြီး ပြန်လည် နေကောင်းသွားသူ ၃၈၈ ယောက်နဲ့ သေဆုံးသူ ၈ ယောက်ရှိပါတယ်။
အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….
#Th