Latest Breaking News & Headlines

သာစည်မြို့နယ်သို့ရန်ကုန်မှပြန်လာသည့်ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာအမျိုးသားနှင့် မော်တော်ယာဉ်တစ်စီးတည်းစီးခဲ့သူ မိတ္ထီလာမှ လူသုံးဦးနှင့် လူနာအား ဆိုင်ကယ်ဖြင့်လိုက်ပါပို့ဆောင်သူတစ်ဦးအားQuaratine ထားရှိ…

552

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏စက်တင်ဘာလ ၆ ရက်နေ့ညပိုင်းအချိန်ကကိုဗစ်-၁၉ရောဂါသတင်းထုတ်ပြန်ချက်များအရ သာစည်မြို့နယ်သို့ ရန်ကုန်မှပြန်လာသည့်အမျိုးသားတစ်ဦးတွင် ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိကြောင်းစစ်ဆေးတွေ့ရှိရပြီး ၄င်းပိုးတွေ့လူနာအမျိုးသားနှင့် မော်တော်ယာဉ်တစ်စီးတည်းစီးခဲ့သူမိတ္ထီလာမြို့နယ်မှလူသုံးဦးနှင့်အဆိုပါလူနာအားဆိုင်ကယ်ဖြင့်နေရပ်သို့လိုက်ပို့ခဲ့သူတစ်ဦးတို့အားရပ်ကွက်ကျေးရွာများတွင်Quaratineထားရှိပြီးဖြစ်ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၂၆ ရက်နေ့ကမိတ္ထီလာမြို့နယ်ရှိ ရန်ကုန်-မန္တလေးယာဉ်လိုင်းဂိတ်တစ်ခုတွင်သာစည်မြို့နယ် သို့ပြန် လာသည့်ကိုဗစ်၁၉ပိုးတွေ့လူနာအမျိုးသား၊ ၄င်းနှင့်အတူမော်တော်ယာဉ်စီးနင်းလာသည့် ခရီးသည်ခြောက်ဦးမှာ ၄င်းတို့လိုက်ပါသောယာဉ်လိုင်းဂိတ်တွင်အတူတူဆင်းခဲ့ကြပါသည်။အဆိုပါခြောက်ဦးအနက်ရန်ကုန်မြို့မှော်ဘီမြို့နယ်နေထိုင်သူနှစ်ဦးနှင့်ထောက်ကြန့်မြို့နယ်နေထိုင်သူတစ်ဦးတို့မှာ ၄င်းတို့နေထိုင်ရာဒေသများသို့ဩဂုတ်လ၂၆ရက်နေ့နှင့် ၂၇ ရက်နေ့များတွင်ပြန်လည်ထွက်ခွာသွားခဲ့ပြီးဖြစ်သည်။

၄င်းခရီးသည်များထဲမှ မိတ္ထီလာမြို့နယ်အောင်ဇေယျာရပ်ကွက်နေသူနှစ်ဦးအားအောင်ဇေယျာအထက(ခွဲ) Quaratine Centre တွင်လည်းကောင်း ၊ မြင်းကန်ကျေးရွာနေ တစ်ဦး အား သနပ်အိုင့်ကျေးရွာ(အမက)Quaratine Centreတွင်လည်းကောင်း၊သာစည်မြို့နယ်သို့ပြန်လာသည့်ပိုးတွေ့လူနာအားဆိုင်ကယ်ဖြင့်နေရပ်သို့လိုက်ပါပို့ဆောင်သော ကန်သာကျေးရွာအုပ်စု ကျွန်းဖိုပင်ကျေးရွာ၌နေထိုင်သူအား ကျွန်းဖိုပင်(အမက) Quaratine Centre တွင်လည်းကောင်း Quaratine ထားရှိပြီးဖြစ်သည်။ ၄င်းတို့၏ ဓါတ်ခွဲနမူနာများကို မန္တလေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး ဓါတ်ခွဲဆိုင်ရာဌာနသို့ ပို့ဆောင်စစ်ဆေးသွားရေးအတွက် မြို့နယ်ကိုဗစ်၁၉ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

ချမ်းသာ ( ပြန်/ဆက်)

Leave A Reply

Your email address will not be published.

error: Content is protected !!