ပိုးတွေ့လူနာ(၉) ဦးတွေ့ရှိခဲ့သည့် မြင်းခြံမြို့ အမှတ် (၆) ရပ်ကွက်အား Lock Down ချထားပြီး ကျန်ပိုးတွေ့လူနာ တွေ့ရှိခဲ့သည့် နေရာများအား အသွားအလာကန့်သတ်ထားလျက်ရှိ…
ကျန်းမာရေးဝန်ကြီးဌာန၏ စက်တင်ဘာလ (၆) ရက် နံနက် (၈:၃၀) နာရီ အချိန်ထိ ထုတ်ပြန်ချက်များအရ မြင်းခြံမြို့တွင် COVID-19 ပိုးတွေ့ရှိလူနာ (၃၀) ဦးရှိပြီဖြစ် ကြောင်း သိရှိရသည်။ “ပိုးတွေ့လူနာ (၃၀) ဦးထဲမှာ အမှတ် (၆) ရပ်ကွက်က (၉) ဦး တွေ့ရှိရတဲ့အတွက် ကြောင့် အမှတ်(၆) ရပ်ကွက် တစ်ခုလုံးကိုတော့ Lock Down ချထားပြီး ကျန်ပိုးတွေ့ရှိလူနာ တွေ့ရှိရတဲ့ ရပ်ကွက်များမှာတော့ ပိုးတွေ့လူနာနေထိုင်တဲ့ ပတ်ဝန်းကျင်ကိုဘဲ အသွားအလာ ကန့်သတ်ထားကြောင်း” မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ပြောသည်။

အဆိုပါ အမှတ်(၆) ရပ်ကွက်အတွင်း နေထိုင်သူများအနေဖြင့် အပြင်ထွက်စရာ ရှိလာပါက တစ်အိမ်တစ်ယောက် သွားနိုင်ရေး (မဖြစ်မနေ) ဝင်/ထွက် ကဒ်ပြားများကို အမှတ် (၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ထုတ်ပေးထားရှိကြောင်း သိရှိရသည်။

ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူများကိုလည်း Quarantine Centre သို့ ပို့ဆောင်ပေး နိုင်ရေးနှင့် COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများအတွက် မြင်းခြံမြို့ နာရေး ကူညီမှုအသင်း၊အဖြူရောင်လက်များ ပရဟိတအသင်း၊ မြင်းခြံ ကြက်ခြေနီတပ်ဖွဲ့၊ မြင်းခြံမြို့နယ် အတွင်းရှိကျေးရွာများမှ ပရဟိတအသင်းအဖွဲ့များ၊ မန္တလေးမြို့မှ ရင်ဘတ်တူညီနောင် ကယ်ဆယ်ရေးအဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။


အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….
#Th