Latest Breaking News & Headlines

သာစည်မြို့တွင် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်…

97

ကျန်းမာရေးဝန်ကြီးဌာန၏စက်တင်ဘာ ၆ ရက်နေ့ ည ၈ နာရီ ကိုဗစ်-၁၉‌အတည်ပြုလူနာသစ်ထုတ်ပြန်ချက်တွင်သာစည်မြို့မှ ကိုးဗစ်-၁၉ရောဂါပိုးတွေ့ရှိသူတစ်ဦး ပိုးကူးစက်ထားရှိပါ၍ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အသိပညာပေးကော်မတီဝင်များက အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၆ရက် ည၈နာရီ သတင်းထုတ်ပြန်ချက်တွင် ရန်ကုန်မြို့မှ မိုဘိုင်းဖုန်းနှင့်ပတ်သတ်သော သင်တန်းတက်ရောက်၍ သာစည်မြို့သို့ပြန်လည်ရောက်ရှိခဲ့သည့် မိုဘိုင်းဖုန်းဆိုင်ဖွင့်လှစ်ထားရှိသော အဆိုပါအမျိုးသားအား swabနမူနာပေးပို့စစ်ဆေးရာမှ ပိုးတွေ့အတည်ပြုလူနာအဖြစ်တွေ့ရှိထားခြင်းကြောင့် ကိုဗစ် – ၁၉ ရောဂါထိန်းချုပ်နိုင်ရေးအတွက် သာစည်မြို့မဈေးနှင့်မြို့ပေါ်ရပ်ကွက်များတွင် အသိပေးနှိုးဆော်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အသိပညာပေးနှိုးဆော်ခဲ့ရာတွင် မြို့နယ် ကိုဗစ် -၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အသိပညာပေးကော်မတီဝင် ၊ Hot line အရေးပေါ်ဆက်သွယ်ရေးနှင့်ပြန်ကြားရေးဆပ်ကော်မတီဥက္ကဌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှုးဒေါ်သင်းသင်းနှင်ဝန်ထမ်းများ ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးရဲနိုင်နှင့်ဝန်ထမ်းများVolunteerများက ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားရှိသောညွှန်ကြားချက်းများဖြစ်

သည့်မလိုအပ်ပဲ‌‌ နေအိမ်ပြင်ပထွက်ခွာခြင်းမပြုကြပါရန်၊မဖြစ်မ‌နေ‌ နေအိမ်ပြင်ပထွက်ခွါပါကလည်းနှာ‌ခေါင်းစီးMaskများစနစ်တကျတပ်ဆင်‌ခြင်း၊လက်ကိုဆပ်ပြာနှင့်စနစ်တကျ‌ ဆေးခြင်း၊တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာ‌‌ နေခြင်း၊‌ ရောဂါပိုး‌ တွေ့ရှိသည့်‌ ‌ဒေသမှပြန်လည်‌ ရောက်ရှိသူများအားသက်ဆိုင်ရာရပ်ကွက်/ကျေးရွာများတွင်သတင်းပေးပို့ခြင်း၊စနစ်တကျလိုက်နာ‌‌ ပေးကြပါရန်၊မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ထုတ်ပြန်ထားရှိသော အမိန့်အမှတ်၃၀/၂၀၂၀တို့အားသိရှိစေရန်နှင့် ပြည်သူများပူးပေါင်းပါဝင်ပေးကြပါရန် အသိပေးနှိုးဆော်ခဲ့ကြကြောင်းသိရသည်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

#Th

Leave A Reply

Your email address will not be published.

error: Content is protected !!