Latest Breaking News & Headlines

COVID-19 ကူးစက်မှု ဆိုးနေတဲ့ ဒေသနဲ့ အဝင်အထွက်လုပ်သူတွေ စစ်ဆေးခံကြဖို့ ကျန်းမာရေးဝန်ကြီး အရေးတကြီးတိုက်တွန်း…

76

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်မှုနှုန်း အရမ်းမြန်လာနေပြီး ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု အလွန်အရေးကြီးနေကြောင်း ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးက သတိပေး ပြောကြားလိုက်ပါတယ်။ ကာကွယ်ရေးလုပ်ငန်းတွေ ထိရောက်ဖို့ အထူးသဖြင့် ရောဂါကူးစက်မှု မြန်နေတဲ့ ရခိုင်ပြည်နယ်နဲ့ အဝင်အထွက် လုပ်ကြသူတွေအနေနဲ့ ကိုယ်တိုင်လာရောက် သတင်းပို့ ဆေးစစ်ကြဖို့ သူက ပြောပါတယ်။

တနိုင်ငံလုံး အတိုင်းအတာအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု နောက်ဆုံးအခြေအနေကြောင်း ကိုဝင်းမင်းက ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးကို သီးသန့် ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုဝင်းမင်း – ဒေါက်တာမြင့်ထွေးခင်ဗျာ၊ လက်ရှိ အရေးကြီးဆုံး ဘာလုပ်ထားလဲဆရာ။

ဒေါက်တာမြင့်ထွေး – အဲ့ဒီတော့ ဟုတ်တယ်။ အခုက ဒီ ကူးစက်ရောဂါပိုးတွေ့သူတွေ ဂရပ်ဖ်မျဉ်းက ထောင်တက်တဲ့အပိုင်း ဖြစ်နေတယ်လေ၊ ဆိုတော့ ဒါကို တက်နေတာ။ ဒါပေမယ့် တက်တာက နည်းနည်းလေး ထိုးထောင်မတ်နေတာ ဖြစ်တယ်။ ဒီလိုဖြစ်တယ်ဆိုတာက ၇၀ ဒီဂရီလောက်ဖြစ်တာပေါ့။ ဒါကို ၃၀ – ၄၀ ဒီဂရီလောက်ကျအောင် ပြန်ချဖို့လိုမယ်။ အဓိကကတော့ စစ်တွေဘက်က၊ ရခိုင်ဘက်ကလာတဲ့ လေယာဉ်တွေမှာ ပါတဲ့လူတွေက အကုန်လုံးက သတင်းမပို့ဘူး။ တချို့တွေက ဆက်သွယ်လို့မရဘူး ဖြစ်နေတယ်။ အဲဒါကို မနက်ဖြန် တနည်းတလမ်းနဲ့ ကျနော် လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ သူတို့တွေက ဒီကိုရောက်နေတဲ့အခါမှာ ပိုးရှိသူတွေ ဘယ်လောက်ထိ ပျံ့နေတယ်ဆိုတာကို ကျနော်တို့က မသိနိုင်ဘူးလေ။ သူတို့ သတင်းပို့ရင်တော့ ပို့တဲ့သူကို ကျနော်တို့က စစ်ပြီးတော့ ပိုးတွေ့လို့ Quarantine ထားလိုက်မယ်ဆိုရင် အပြင်မှာ မကူးစက်ရအောင် အတွင်းမှာ ထိန်းထားတာ လုပ်လို့ရတာပေါ့။”

ကိုဝင်းမင်း – နောက်ထပ်ရော။

ဒေါက်တာမြင့်ထွေး – အခုလည်း ဆေးရုံတွေမှာ ကျန်နေတဲ့ ရှိတဲ့သူတွေက များတော့ ဆေးရုံဆင်းခွင့် သတ်မှတ်ချက်ကိုလည်း ကျနော်တို့က မနက်ဖြန်ကစပြီး ပြင်တော့မယ်လေ။ အခု အမေရိကန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန (CDC) နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တွေ တွေ့ရှိချက်တွေမှာ ဒီဗိုင်းရပ်စ်က ၉ ရက် ၁၀ ရက်လောက် အဲ့ဒီနောက်ပိုင်းမှာဆိုရင် ပိုးမွေးတာ လုပ်လို့မရတော့ဘူး။ လုပ်လို့မရဘူးဆိုရင် ဗိုင်းရပ်စ် မရှိတော့တဲ့ သဘောပေါ့နော်။ အဲ့ဒီတော့ အကြာကြီး လူနာတွေကို ဆေးရုံမှာ မထားတော့ဘူး။ ဒါက အကုန်လုံး ပြင်မယ်ဆိုတော့ ဆေးရုံတော်တော်များများက လူနာတွေ ပြန်ဆင်းလို့ရပြီပေါ့။ ပထမတုန်းက ကျနော်တို့ လုပ်ထားတာက စိတ်ချရအောင် ၂၁ ရက်နဲ့ ၇ ရက် ပေါင်း ၂၈ ရက် လုပ်ထားတာကိုး။ အလားတူပဲ နက်ဖြန်လောက်မှာပဲ Quarantine မှာ ရှိတဲ့သူတွေကိုလည်း ပြန်ပြီးတော့ နည်းနည်းလေး သတ်မှတ်ချက်တွေကို လျှော့ပြီးတော့ ပြန်ခွင့်ပြုတာ လုပ်ဖို့ရှိပါတယ်။”

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

#Th

Leave A Reply

Your email address will not be published.

error: Content is protected !!