Latest Breaking News & Headlines

ကိုဗစ်-၁၉ ကာလ ညမထွက်ရ အချိန်ကျော်လွန် သွားလာနေမှုများနှင့် KTV၊ Bar၊ အနှိပ်ခန်းများကို ဆက်လက်ဖော်ထုတ် အရေးယူလျက်ရှိ…

108

ကိုဗစ်-၁၉ ရောဂါ ကူးစက်နိုင်မှုဖြစ်နိုင်ခြေအများဆုံး အခြေအနေရှိပြီး သတ်မှတ်စည်းကမ်းချက်များကိုလိုက်နာခြင်းမရှိသည့် KTV၊ Bar၊ အနှိပ်ခန်းများ ဖွင့်လှစ်နေမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရေးနှင့် ညမထွက်ရ အချိန်ကျော်လွန်သွားလာနေမှုများကို ဆက်လက်စိစစ်ဖော်ထုတ် အရေးယူဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပြီး မြို့နယ်/ရပ်ကွက်များအတွင်း စည်းကမ်းလိုက်နာမှုမရှိသည့် လုပ်ရပ်များကို ဆောင်ရွက်နေခြင်းအား သတင်းဖော်ထုတ်မှု၊ စိစစ်ကြပ်မတ်မှု အလေးထားဆောင်ရွက် ရန် နယ်မြေတာဝန်ခံရဲတပ်ဖွဲ့ဝင်များအား တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရ သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဆက်လက်ဖော်ထုတ်စိစစ်ချက်အရ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီး၌ KTV၊ Bar နှင့် အနှိပ်ခန်းတို့တွင် စုစုပေါင်း ၂၂ ဦးတို့အား ဖမ်းဆီးရမိခဲ့၍ သက်ဆိုင်ရာမြို့နယ်များ၌ ဥပဒေ နှင့်အညီ အမှုဖွင့်အရေးယူထားကြောင်း၊ ယခုတစ်ပတ်အတွင်း တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီး၌ ညမထွက်ရ အချိန်ကျော်လွန် သွားလာသူများကို လည်း စိစစ်အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ(၁၈၈)ဖြင့် အရေးယူခဲ့ရသည့် အမှုပေါင်း ၈၅၆ မှုနှင့် ကျူးလွန်သူ အမျိုးသား ၁၆၂၆ ဦး၊ အမျိုးသမီး ၈၂ ဦး၊ စုစုပေါင်း ၁၇၀၈ ဦးကို အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

#Th

Leave A Reply

Your email address will not be published.

error: Content is protected !!