Latest Breaking News & Headlines

နိုင်ငံတဝန်း ကိုဗစ်ကူးစက်သူ ၆၆ ဦးတိုး၊ ၁ ဦးသေ…

112

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ ၆၆ ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်းနဲ့ သေဆုံးသူ ၁ ဦးရှိခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၆ ရက်၊ တနင်္ဂနွေနေ့မနက် ၈ နာရီခွဲမှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ဒါကြောင့် မြန်မာနိုင်ငံမှာ အခုချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ စုစုပေါင်း ၁,၃၁၉ ဦးနဲ့ သေဆုံးသူ စုစုပေါင်း ၈ ဦးရှိသွားပြီ ဖြစ်ပါတယ်။

အခု သေဆုံးသွားတဲ့သူဟာ သင်္ဃန်းကျွန်း စံပြဆေးရုံကြီးမှာ တက်ရောက်ကုသမှု ခံယူနေတဲ့ အသက် ၄၆ နှစ်အရွယ် ဓာတ်ခွဲအတည်ပြုလူနာ အမှတ် ၁,၂၃၆ ဖြစ်ပြီး ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီးခြင်း၊ နာတာရှည် ကျောက်ကပ်ပျက်စီးခြင်းနဲ့ ဆီးချိုရောဂါ အခံရှိပြီး စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၃ နာရီထိုးခါနီးမှာ ကွယ်လွန်သွားခဲ့တာလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြ

ထားပါတယ်။ဒီကနေ့ အသစ်တွေ့ရှိတဲ့ လူနာတွေထဲမှာ ရန်ကုန်တိုင်းက လူနာ ၆၀ ဦးနဲ့ အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်က ၃ ဦး၊ ဧရာဝတီတိုင်းက ၂ ဦးနဲ့ ကရင်ပြည်နယ်က ၁ ဦး အသီးသီး ဖြစ်ကြပါတယ်။စက်တင်ဘာလ ၅ ရက်နေ့က ဓာတ်ခွဲမှုနမူနာ ၃,၁၆၅ ခု စစ်ဆေးအပြီးမှာ အခုလူနာ ၆၆ ဦး စမ်းသပ် တွေ့ရှိခဲ့တာလို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ မနေ့ စနေည ၈ နာရီ ထုတ်ပြန်

ကြေညာချက်မှာ နေပြည်တော် အပါအဝင် မြန်မာနိုင်ငံတဝန်း COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၇ ယောက် ထပ်မံတွေ့ရှိခဲ့တာကြောင့် မနေ့ကတရက်တည်း စုစုပေါင်း COVID-19 ဗိုင်းရပ်စ်ကူးစက်သူ ၁၀၃ ဦး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။မြန်မာနိုင်ငံတဝန်း COVID-19 ကူးစက်သူ လူနာ စုစုပေါင်း ၁,၃၁၉ ဦး ရှိတဲ့အထဲက ကုသမှုခံယူပြီး ရောဂါပိုးကင်းစင်လာသူ ၃၇၁ ဦးနဲ့ သေဆုံးစု ၈ ဦး ရှိသွားပြီ ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ ဒုတိယလှိုင်းအသွင်နဲ့ ပြန်လည်ကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ပြည်ပခရီးသွားရာဇဝင်မရှိတဲ့ ပြည်တွင်းကူးစက်မှုတွေ ဖြစ်တာကြောင့် အများပြည်သူ

အနေနဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေက ပြဋ္ဌာန်းထားတဲ့ ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်တွေကို အထူးလိုက်နာကြဖို့ ကြေညာချက်တွေ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ကိုဗစ်ဖြစ်တယ်လို့ သံသယရှိသူတွေ အနေနဲ့ ကိုယ့်သဘောနဲ့ကိုယ် ကြိတ်ပြီး ဆေးကုတာမျိုး မလုပ်ဘဲ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ အချိန်မီပြသကြဖို့ ကျန်းမာရေးပညာရှင်တွေကလည်း သတိပေး ပြောဆိုနေကြပါတယ်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

#Th

Leave A Reply

Your email address will not be published.

error: Content is protected !!