Latest Breaking News & Headlines

ရန်ကုန်-မန္တလေး အဆင့်မြင့် ရထားလမ်းပိုင်းတွင် ပြေးဆွဲမည့် ရထားတွဲများ ရောက်ရှိ…

87

ဂျပန် ODA ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်အပြီးတွင် ပြေးဆွဲမည့် ဂျပန်နိုင်ငံထုတ် Diesel Electric Multiple Unit(DEMU) အမျိုးအစား ရထားတွဲဆိုင်းများ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ စက်တင်ဘာလ (၅) ရက်နေ့က ရောက်ရှိပြီ ဖြစ်ကြောင်း JICA Myanmar Office မှ သိရှိရသည်။

ပထမအသုတ် အဖြစ် ရထားတွဲဆိုင်း (၆) စင်း ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ရထားတွဲသစ်များမှာ စွမ်းအင် ချွေတာနိုင်ခြင်း မီးခိုး ထုတ်လွှတ်မှု နည်းပါးခြင်း စသည့် အားသာချက်များ ရှိသည်ဟု သိရသည်။မြန်မာနိုင်ငံတွင် ပထမဆုံး အသုံးပြုမည့် ရထားတွဲဆိုင်းများ ဖြစ်ပြီး ရထားလမ်း အဆင့်မြှင့်တင်မှု ပြီးစီးပါက အဆိုပါ ရထားတွဲဆိုင်းများဖြင့် တစ်နာရီလျှင် ကီလိုမီတာ ၁၀၀

ဝန်းကျင် အထိ ပြေးဆွဲနိုင်မည် ဖြစ်ကာ ရန်ကုန်နှင့် မန္တလေးကို ခုတ်မောင်းချိန်(၈) နာရီ ဝန်းကျင်သာ ကြာမြင့်မည် ဖြစ်သည်။ရထားလမ်းပိုင်း အဆင့် မြှင့်တင်ခြင်းဖြင့် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် မြန်မာနိုင်ငံ၏ မြို့ကြီးများဖြစ်သည့် ရန်ကုန်၊ နေပြည်တော် နှင့် မန္တလေးမြို့တို့အား အမြန်ဆုံး ချိတ်ဆက် သွားလာနိုင်မည် ဖြစ်သည်…

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

#Th

Leave A Reply

Your email address will not be published.

error: Content is protected !!