Latest Breaking News & Headlines

အိန္ဒိယမှာ ကိုဗစ်ကူးစက်သူ ၄ သန်းကျော်သွားပြီ…

126

မြန်မာ့အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ကမ္ဘာမှာ ဒုတိယ လူဦးရေအများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်သူ အရေအတွက်ဟာ ဒီကနေ့ဆိုရင် ၄ သန်းကျော်သွားပါပြီ။ဒါကြောင့်လည်း အမေရိကန်ပြီးရင် ကမ္ဘာမှာ ရောဂါပိုးကူးစက်မှု ဒုတိယအများဆုံးဖြစ်တဲ့ ဘရာဇီးလ်နိုင်ငံနားကို ကပ်နေပြီဖြစ်ပါတယ်။သေဆုံးသူအရေအတွက်က ဒီကနေ့မှာ ၁,၀၈၉ ဦးရှိပြီး စုစုပေါင်း ၆၉,၅၆၁ ဦး သေဆုံးရပြီးပါပြီ။အခုဆိုရင် အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်အားလုံးနီးပါး ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။ဗိုင်းရပ်စ်ကိုထိန်းချုပ်ဖို့ အကန့်အသတ်တွေ ချမှတ်ခဲ့ရတာကြောင့် စီးပွားရေး အထိနာလာတဲ့အတွက် အခုအခါမှာ တာဝန်ရှိသူတွေက ပြန်ဖွင့်ပေးနေရပါပြီ။COVID-19 ရောဂါ စတင်ကူးစက်ခဲ့တဲ့ တရုတ်နိုင်ငံမှာတော့ ဒီကနေ့ ကူးစက်သူ ၁၀ ဦးရှိတဲ့အကြောင်း တရုတ်အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ဒါပေမယ့် အခုကူးစက်သူ အားလုံးဟာ ပြည်ပကနေ ကူးစက်လာကြတာလို့ ပြောပါတယ်။ကျန်တဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေထဲက ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်မှုကို အတော်လေး ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး မြန်မာနိုင်ငံမှာ ကိုဗစ်ဒုတိယလှိုင်း ကူးစက်မှုတွေ တိုးလာနေတာကြောင့် မြန်မာနဲ့ကပ်နေတဲ့ နယ်စပ်ဒေသတွေကနေ ထိုင်းနိုင်ငံထဲ ခိုးဝင်တာတွေ မရှိစေဖို့ ထိုင်းအာဏာပိုင်တွေက လုံခြုံရေး အထူးတင်းကျပ် တားမြစ်နေပါတယ်။တကမ္ဘာလုံးမှာ ကိုဗစ်ကူးစက်မှု အရေအတွက်ကို စောင့်ကြည့် မှတ်တမ်းတင်နေတဲ့ အမေရိကန် Johns Hopkins တက္ကသိုလ်ရဲ့ ကိန်းဂဏန်းတွေအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကူးစက်သူစုစုပေါင်း ၃ သိန်းကျော်နဲ့ သေဆုံးသူက ၄,၄၀၀ ကျော် ရှိထားပါတယ်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

#Th

Leave A Reply

Your email address will not be published.

error: Content is protected !!