တောင်ဥက္ကလာပမှ ထပ်တိုးလူနာ (၁၃)ဦးတွင် (၉)ဦးမှာ OMEGA အလှပြင်ဆိုင်မှ ဝန်ထမ်းများဖြစ်…
ကျန်(၄)ဦး နေထိုင်ရာ ရပ်ကွက် (၃) ခုမှ နေအိမ်အသီးသီးကိုလည်း Lock Down ချထား…
ယနေ့ (စက်တင်ဘာလ ၅ ရက်) နံနက်ပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါဝင်လာသော တောင်ဥက္ကလာပမြို့နယ်မှ COVID-19 လူနာ(၁၃)ဦးတွင် (၉)ဦးမှာ (၈)ရပ်ကွက်၊ ရတနာလမ်းမကြီးပေါ်ရှိ OMEGA အလှပြင်ဆိုင်မှ ဝန်ထမ်းများဖြစ်ပြီး ၎င်းတို့မှာ အဆိုပါအလှပြင်ဆိုင်မှ ဝန်ထမ်းဖြစ်သူ လူနာအမှတ် ၈၂၃ နှင့် ဆက်စပ်သူများ ဖြစ်ကြောင်း တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစောနိုင်က အတည်ပြုပြောဆိုသည်။လူနာအမှတ် ၈၂၃ မှာ စက်တင်ဘာလ ၁ ရက်ထုတ်ပြန်ချက်တွင် ပါဝင်လာသူဖြစ်ပြီး နေမကောင်း၍ ဆေးရုံသွားပြရာမှ ပိုးတွေ့ရှိခဲ့သူဖြစ်သည်။

ယင်းနောက် ၎င်းနေထိုင်အလုပ်လုပ်သည့် OMEGA အလှပြင်ဆိုင်မှ အခြားဝန်ထမ်းများကိုလည်း Swab ယူစစ်ဆေးခဲ့ရာ (၉)ဦးတွင် Positive ထွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ထို့အပြင် တောင်ဥက္ကလာပမှ အခြားလူနာ အမှတ် ၁၁၆၁ မှာ (၄)ရပ်ကွက်၊ သီလလမ်းရှိ အ.မ.က(၂)ကျောင်းဝန်းမှ အထွေထွေလုပ်သား ဖြစ်ကြောင်း သိရသည်။

“သူက ကျောင်းဝန်းထဲက အထွေထွေလုပ်သားပါ။ Unknown case ပဲ၊ ဘယ်ကကူးမှန်းမသိဘူး။ ၃ ရက်နေ့က နေမကောင်းတော့ စံပြဆေးရုံကို သွားပြတာ။ ကျောင်းမှာ သူတစ်ယောက်ပဲနေပြီး ဘယ်လိုကူးသွားမှန်း မသိဘူး” ဟု ဒေါက်တာစောနိုင်က ပြောသည်။အခြား COVID-19 လူနာအမှတ် ၁၁၈၈ မှာလည်း စက်တင်ဘာလ ၃ ရက်က နေမကောင်း၍ ဆေးခန်းပြရာမှ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ၎င်းနေထိုင်သည့် တောင်ဥက္ကလာပ၊ (၁၄)ရပ်ကွက် စီမံကိန်း ၁၊ ကြက်မောက် ၁ လမ်းမှ နေအိမ်ကို Lock Down ချထားသည်။ကျန်ရှိသည့် ၁၁ ရပ်ကွက်၊ ရာဇသင်္ကြန် ၁ လမ်းမှ လူနာအမှတ် ၁၁၈၃ နှင့် ၁၁၈၄ တို့နှစ်ဦးမှာ ရန်ကင်းမြို့နယ်မှ လူနာအမှတ် ၁၁၃၃ နှင့် ဆက်စပ်သူများဖြစ်ကြောင်း သိရသည်။”၁၁ ရပ်ကွက်က နှစ်ယောက်က မနေ့က ကြေညာတဲ့ ၁၁၃၃ ၊ ရန်ကင်းကနဲ့ အဆက်ပါ။

ရန်ကင်းက တစ်ယောက်နဲ့ စားသောက်ဆိုင်မှာ တူတူလုပ်တဲ့ဝန်ထမ်းတွေပါ။ သုံးထောင့်ကန် စားသောက်ဆိုင်ကတော့ တောင်ဥက္ကလာ (၈)ရပ်ကွက်မှာဖွင့်တာပဲ။ အဲဒီမှာ အဆောင်မှာလဲ (၅)ယောက်နေတယ်။ သူတို့ကို ထပ်စစ်ရမယ်။ သူတို့ နှစ်ယောက်ရဲ့ ရာဇသင်္ကြန် (၁) လမ်းက နေအိမ်ကိုလည်း Lock Down ချထားပါတယ်” ဟု ဒေါက်တာစောနိုင်က ပြောကြားခဲ့သည်။ယနေ့(စက်တင်ဘာလ ၅ ရက်)နံနက်ပိုင်းအထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၁၂၁၆ ဦးရှိပြီဖြစ်ပြီး ရောဂါပြန်လည်သက်သာလာသူ ၃၅၉ ဦးနှင့် သေဆုံးသူ ၇ ဦးရှိပြီဖြစ်ကြောင်း သိရသည်။ COVID-19 တစ်ကျော့ပြန် ဖြစ်လာချိန်တွင် တောင်ဥက္ကလာပမြို့နယ်တွင်လည်း လူနာ (၁၈)ဦးထိရှိလာပြီဖြစ်သည်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….
#Th