ကဝမြို့နယ်မှ COVID-19 လူနာမှာ ဆေးရုံမှအထွေထွေ လုပ်သားဖြစ်…
ယနေ့(စက်တင်ဘာလ ၅ ရက်) နံနက်ပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါဝင်လာသော ပဲခူးတိုင်း၊ ကဝမြို့နယ်မှ COVID-19 လူနာအမှတ် ၁၂၁၃ မှာ ကဝမြို့၊ သက္ကလတိုက်နယ်ဆေးရုံမှ အထွေထွေလုပ်သား တစ်ဦးဖြစ်ကြောင်း ကဝမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းထံမှ သိရသည်။

“ကဝမြို့နယ်ထဲက သက္ကလမြို့မှာတွေ့တာ။ သက္ကလတိုက်နယ် ဆေးရုံက အထွေထွေလုပ်သားပါ။ သူကအနံ့မရတော့ ဆေးစစ်ဖို့ Request လုပ်တယ်လို့ကြားတယ်။ အဲဒီကနေ ဆေးစစ်လိုက်တော့ ပိုးတွေ့တာပါ။ ဆေးရုံမှာပဲနေတာ။ ဆေးရုံကလူနာတွေကို တခြားပရဟိတဆေးခန်းကိုပြောင်းရွှေ့ပြီး ဆေးရုံဝန်ထမ်း၊ ဆရာဝန်တွေကို ဆေးရုံမှာ Quarantine လုပ်မယ်လို့ မြို့နယ်ကနေကြားတယ်။
သူနဲ့ပတ်သက်ရာ ပတ်သက်ကြောင်း အယောက် ၃၀ လောက်ရှိတယ်လို့သိရတယ်” ဟု ဦးလှသန်းက စံတော်ချိန်သို့ပြောသည်။အဆိုပါလူနာအမှတ် ၁၂၁၃ မှာ အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး COVID-19 အတည်ပြုလူနာနှင့် ဆက်စပ်မှုမရှိသလို ရခိုင်ပြည်နယ်သို့လည်း ခရီးသွားရာဇဝင်မရှိသူ ဖြစ်ကြောင်း သိရသည်။ ၎င်းကို ပဲခူးမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူစေမည်ဖြစ်သည်။လက်ရှိတွင် ပဲခူးတိုင်းဒေသကြီးအတွင်း COVID-19 ဓာတ်ခွဲ အတည်ပြုလူနာ ၃၂ ဦးရှိပြီဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဓာတ်ခွဲ အတည်ပြုလူနာ ၁၂၁၆ ဦး၊ ရောဂါပြန်လည်သက်သာလာသူ ၃၅၉ ဦး၊ သေဆုံးသူ ၇ ဦးရှိပြီဖြစ်သည်။
အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….
#Th