မန္တလေးတွင် ယခုရက်ပိုင်း Mask တပ်သူများလာပြီး Mask အခမဲ့ဝေငှမှုများလည်းရှိလာ…
ပြီးခဲ့သည့် ဩဂုတ်လလယ်ပိုင်းကစတင်ပြီး COVID-19 ရောဂါပိုးပျံ့နှံ့မှုသည် တစ်ကျော့ပြန်များပြားလာပြီး မန္တလေးတိုင်းဒေသကြီးတွင်လည်း COVID-19 အတည်ပြုလူနာတွေ့ရှိရသည်ကို ကြားသိရပြီးနောက်ပိုင်းတွင် Mask တပ်သူများပြားလာသည်ကို တွေ့မြင်ရပြီး ပရဟိတအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကုမ္ပဏီများနှင့် စေတနာရှင်များက Mask အခမဲ့ဝေငှလာကြသည်ကို တွေ့ရသည်။ထိုသို့ Mask Mask များဝေငှကြရာတွင် စက်တင်ဘာ ၄ ရက်နေ့က သုံးဘီး Taxi များနှင့် ကား Taxi အငှားယာဉ်မောင်းများအတွက် ကားတစ်စီးလျှင် Mask ၁ ဘူးနှုန်းဖြင့် မန္တလေး
မြို့ မဟာအောင်မြေမြို့နယ် ၅၃ လမ်း၊ ၃၈ လမ်းနှင့် ၃၉ ကြားရှိ ရွှေရဲမွန် ဟိုတယ်၌ ပေးခဲ့သည်။ ရွှေရဲမွန် ဟိုတယ်မှ ယခုကြုံတွေ့နေရသည့် ကမ္ဘာ့ ကပ်ရောဂါဆိုးကြီးကို ပြည်သူများနှင့်အတူ လက်တွဲတိုက်ထုတ်ချင်သည့်အတွက် ပြည်သူများနှင့်ထိတွေ့မှု များသည့် အငှားယာဉ်မောင်းများအား MASK များ ပေးဝေခြင်းဖြစ်သည်ဟုဆိုသည်။အလားတူ မီးသတင်းများစုစည်းရာအဖွဲ့၊ အရန်မီးသတ်စုပေါင်းအဖွဲ့၊ ပရဟိတလူမှုအဖွဲ့အစည်းများ၊ စေတနာရှင်များက မန္တလေးမြို့ လူစည်ကားရာ လမ်းပေါ်တွင်သွားလာနေကြသူများအတွက် အခမဲ့ Mask ဝေငှခြင်းများ

ဆောင်ရွက်နေကြသည်ကို ယခုရက်ပိုင်းတွင် နေ့စဉ်တွေ့နေရပါသည်။COVID-19 ရောဂါပိုးသည် ကမ္ဘာတဝန်းတွင် ပျံ့နှံ့နေပြီး ပြီးခဲ့သည့်လလယ်ပိုင်းကစပြီး မြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာသည် တိုးများလာလျက်ရှိရာ ပြည်သူများအနေဖြင့် အပြင်ထွက်ပါက လက်ဆေးခြင်း၊ Mask တပ်ခြင်းကို မဖြစ်မနေ လုပ်ဆောင်ကြရန်နှင့် မလိုအပ်ပဲ အပြင်မထွက်ရန်၊ လူစုလူဝေးနေရာများသို့ မသွားရန်၊ ထုတ်ပြန်ချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ရန် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက သတိပေးလျက်ရှိသည်။စက်တင်ဘာလ (၅) ရက်နေ့၊ နံနက် (၈)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁,၂၁၆) ဦးရှိပြီ ဖြစ်ပြီး သေဆုံးသူ (၇)ဦး၊ (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း (၃၅၉) ဦး၊ ဆေးရုံဆင်းခွင့်ရပြီးသူ (၃၅၆) ဦးရှိကြောင်း သိရသည်။
အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….
#Th