Latest Breaking News & Headlines

ချမ်းမြသာစည်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ…

102

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ စက်တင်ဘာလ ၂ ရက်နေ့ ၁၄၃၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ သည် သတင်းအရ သက်သေများနှင့်အတူ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၁၀၇ လမ်းမပေါ်တွင် မော်တော်ဆိုင်ကယ် ၂ စီးနှင့်အတူ

တွေ့ရှိသူ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်နေ စိုးမိုး(ခ)ပိုင်ကြီး ၂၈ နှစ်၊ အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စု၊ သာလီစွကျေးရွာနေ ညီညီဝင်း ၄၇ နှစ်နှင့် မိတ္ထီလာမြို့၊ ဝန်ဇင်းရပ်ကွက်နေ သိန်းဇော် ၃၁ နှစ်တို့အား စစ်ဆေးရှာဖွေရာ စိုးမိုး(ခ)ပိုင်ကြီး ကိုင်ထားသော ကြွတ်ကြွတ်အိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်

ဆေးပြား ၁၀၉၄၆ ပြား(ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၁၆၄.၁၉ သိန်း)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ချမ်းမြသာစည် မြို့နယ်၊ အမှတ်(၁၁)နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

#Th

Leave A Reply

Your email address will not be published.

error: Content is protected !!