Latest Breaking News & Headlines

စင်ကာပူနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံ သို့ ပြန်လည် ထွက်ခွာလိုသည့် မြန်မာနိုင်ငံသား များကို (၁၆)ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် (RELIEF FLIGHT) ဖြင့် ပြန်လည်ပို့ဆောင်ပေး…

96

COVID-19 တားဆီးကာကွယ်ရေးအစီအမံများကြောင့် စင်ကာပူနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံ သို့ ပြန်လည် ထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများကို (၁၆)ကြိမ်မြောက် Relief Flight အဖြစ် စက်တင်ဘာ ၄ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ ၃၁ မိနစ်တွင် မြန်မာအမျိုးသား လေကြောင်းလိုင်း (Myanmar National Airlines-MNA) ပျံသန်းအမှတ် UB 1002 ဖြင့် စင်ကာပူနိုင်ငံ မှ ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

အဆိုပါ ကယ်ဆယ်ရေးလေယာဉ် တွင် စင်ကာပူနိုင်ငံသို့ ကာလတိုလာရောက်စဉ် ပိတ်မိနေသူများ၊ စင်ကာပူနိုင်ငံတွင် ပညာသင်ကြား နေသည့် ကျောင်းသား ကျောင်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အလုပ်လုပ်ခွင့်ပါမစ် ဖျက်သိမ်း/ ရပ်နားခံထားရသူများ၊ ပြစ်ဒဏ်ကျခံပြီး လွတ်မြောက် လာသူများ၊ မြန်မာနိုင်ငံ၌ ဆေးကုသမှုပြန်လည်ခံယူရန် လိုအပ်နေသူများ အပါအဝင် စုစုပေါင်း (၁၅၁) ဦး လိုက်ပါသွားကြသည်။

ကယ်ဆယ်ရေး လေယာဉ်ဖြင့် လိုက်ပါမည့် မြန်မာနိုင်ငံသားများအနေဖြင့် လေဆိပ်၌ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် အခက်အခဲ မရှိစေရေးနှင့် စင်ကာပူနိုင်ငံမှ အဆင်ပြေချောမွေ့စွာ ထွက်ခွာနိုင်ရေး အတွက် မြန်မာသံအမတ်ကြီး ဦးဆောင်သော သံရုံး ကိုယ်စားလှယ်အဖွဲ့သည် ချန်ဂီအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

#Th

Leave A Reply

Your email address will not be published.

error: Content is protected !!