Latest Breaking News & Headlines

ဗဟန်းက ကိုဗစ်လူနာအမှတ် (၁ဝ၇၇)ဟာ QUARANTINE ကာလ မှာပဲ ရန်ကုန် ကနေ စစ်တွေကို လေယာဉ်နဲ့သွားခဲ့…

84

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်မှာ တွေ့ခဲ့တဲ့ ကိုဗစ်လူနာ အမှတ်(၁ဝ၇၇)ဟာ ဓာတ်ခွဲ နမူနာစစ်ဆေးနေတဲ့ Home Quarantine ကာလထဲမှာ ခွင့်ပြုချက်မရဘဲ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ပြန်သွားခဲ့တယ်လို့ ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဆီက သိရပါတယ်။ဒီနေ့ မနက်ပိုင်း ကိုဗစ်လူနာ စာရင်းထုတ် ပြန်ချက်ထဲမှာ ကိုဗစ်လူနာ (၂)ယောက်ကို ဗဟန်းမှာတွေ့ခဲ့တာ ဖြစ်ပြီး သူတို့ဟာ ပြီးခဲ့တဲ့ သြဂုတ်လ(၂၇)ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေကနေလာတဲ့သူတွေ ဖြစ်ပါတယ်။

“သူတို့က ဘုန်းကြီးတစ်ပါးနဲ့ အမျိုးသား တစ်ယောက် ပေါ့နော်၊ သူတို့က (၂၇)ရက်နေ့က ရောက်လာတော့သူတို့တည်းခိုတဲ့ ဘုန်းကြီးကျောင်းမှာပဲ Home Quarantine ဝင်ခိုင်းထားပြီး(၂၈)ရက်နေ့ ဓာတ်ခွဲနမူနာတွေ ယူခဲ့တာပေါ့နော်၊ အဲဒီနောက် ဒီနေ့မနက် ပိုးတွေ့လူနာတွေထဲမှာ သူတို့(၂) ယောက်ပါလာတော့ ကျွန်တော်တို့က သွားကြတာပေါ့နော်၊ အဲဒီအချိန်မှာ ပိုးတွေ့တဲ့အမျိုးသားက မရှိတော့ဘူး၊ သူ့ကိုဖုန်းဆက်တော့ စစ်တွေပြန်ရောက်သွားပြီတဲ့။ အဲတာနဲ့ ကျွန်တော်တို့လည်းသူ့ကို ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီ နေခိုင်းထားပြီး ရခိုင်ပြည်နယ်က သက်ဆိုင်ရာလူကြီးတွေကို ဆက်သွယ်ပြီး သူတို့ ကပဲ ဆက်လက်ဆောင်ရွက်နေပါတယ်”လို့ ဗဟန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က ပြောပါတယ်။

ရခိုင်ပြည်နယ်ကို ပြန်သွားခဲ့တဲ့ ကိုဗစ်လူနာဟာ စက်တင်ဘာလ(၃)ရက်နေ့၊ နေ့လည်(၃)နာရီတုန်းက ရန်ကုန်လေဆိပ်ကနေတဆင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ပြန်သွားခဲ့တာဖြစ်ပြီး သူနဲ့အတူ လေယာဉ်စီးခဲ့တဲ့ ခရီးသည်တွေအပါအဝင် ထိတွေ့ဆက်စပ်မှုရှိခဲ့တဲ့သူတွေကို စုံစမ်းနေတယ်လို့ သိရပါတယ်။ဒါအပြင် သူတည်းခိုနေထိုင် ခဲ့တဲ့ ဘုန်းကြီးကျောင်းကို Lockdown လုပ်ထားပြီး ဘုန်းကြီးကျောင်းမှာရှိတဲ့ သံဃာ(၃ဝ)ကျော်ကိုလည်း အသွားအလာကန့်သတ်ထားပြီး ကျန်းမာရေးစစ်ဆေးမှုတွေခံယူခိုင်းထားပါတယ်။ဒီနေ့ မနက်ပိုင်းအထိတော့ မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ(၁၁၁၃)ယောက် ရှိပြီး အဲဒီထဲမှာ ပြန်ကောင်းမွန်သူ (၃၅၉)ယောက်နဲ့ သေဆုံးသူ(၇)ယောက်ရှိနေပါတယ်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

#Th

Leave A Reply

Your email address will not be published.

error: Content is protected !!