သင်္ဃန်းကျွန်း မှ ပိုးတွေ့လူနာ (၃) ဦး မှာ (၂) ဦးက MUSIC ZONE KTV ကဝန်ထမ်းတွေဖြစ်…
မိန်းကလေးဝန်ထမ်း (၂)ဦး လို့ သိရပါတယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ရဲ့ ဒီကနေ့ည(၈)နာရီ ထုတ်ပြန်ချက်မှာ ပါဝင်ခဲ့တဲ့ ထပ်တိုးလူနာ (၅၃)ဦးထဲ မှာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်က (၃)ဦးပါဝင်ခဲ့ပါတယ်။
သင်္ဃန်းကျွန်းက ပိုးတွေ့လူနာ (၃)ဦးမှာ (၂)ဦးက သင်္ဃန်းကျွန်းမြို့နယ် အတွင်း ဖွင့်လှစ်ထားတဲ့ Music Zone Restaurant & KTV မှ ဝန်ထမ်းတွေဖြစ်တယ်လို့ သိရပါတယ်။
“ ဒီည ပိုးတွေ့(၃) ဦးထဲမှာ (၂) ဦးကတော့ Music Zone Restaurant & KTV က ဝန်ထမ်းမိန်းကလေးတွေပါ။ စာရေးမတွေ လို့ သိရတယ်။ နှစ်ယောက်လုံးက လူနာအမှတ် (၇၄၁) နဲ့ ထိတွေ့ထားလို့ ကွာရန်တင်းထားရာကနေ အခု ပိုးတွေ့ခဲ့တာပါ။ အခု ညတွင်းချင်းပဲ Music Zone ကို lockdown လုပ်ပါမယ်။ ဆိုင်ဝန်ထမ်းအားလုံးကို ဘယ်လိုလုပ်မလဲဆိုတာတော့ ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက် အတိုင်း ဆက်လုပ်မယ်” လို့ သင်္ကန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က Duwun ကို ပြောပါတယ်။

Music Zone Restaurant & KTV ကို သင်္ကန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်း ဇဝနရပ်ကွက်မှာ ဖွင့်လှစ် ထားတာ ဖြစ်ပါတယ်။ ပိုးတွေ့လူနာ ဝန်ထမ်းမိန်းကလေးနှစ်ဦးက ကွာရန်တင်း ထားရှိထားသူတွေဖြစ်လို့ ကွာရန်တင်းစင်တာကနေပဲ ဆေးကုသမှုခံယူမယ့် ဆေးရုံကို ပို့ဆောင်မှာဖြစ်ပါတယ်။ ဒီနေ့ည သင်္ကန်းကျွန်းက ပိုးတွေ့ လူနာ (၃) ဦးထဲက ကျန်တစ်ဦးရဲ့ အကြောင်း ကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဒီကနေ့ည ထပ်တိုး လူနာ (၅၃) ဦးမှာ ရခိုင်က (၃၀) ဦး ၊ရန်ကုန်က (၂၁) ဦး၊ မန္တလေးက (၁) ဦးနဲ့ မွန်ပြည်နယ်က (၂) ဦး ပါဝင်ခဲ့ပါတယ်။
အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….
#Th