Latest Breaking News & Headlines

ဝမ်းတွင်းမြို့နယ်၌ ကျေးရွာ ၃၃ ရွာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ရေးဆောက်ရွက်လျက်ရှိ…

73

မိတ္ထီလာ စက်တင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်၌ ၃၃/၁၁ ကေဗွီ (၅)အမ်ဗွီအေ ရွှေတောင် ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်း ရာခိုင်နှုန်းပြည့် ပြီးစီးနေပြီဖြစ်၍ လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာ ၃၃ရွာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း မိတ္ထီလာခရိုင်လျှပ်စစ် မန်နေဂျာရုံးမှ သိရသည်။

ကျေးလက်ဒေသများတွင် လျှပ်စစ်မီးလင်းနိုင်ရေးအတွက် နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိရာ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်၌ ရန်ကုန်-မန္တလေးကားလမ်းဟောင်းဘေး ဝမ်းတွင်းမြို့နယ် ရွှေတောင်ကျေးရွာအနီးတွင် ကျေးရွာ (၃၃) ရွာကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်စေရန် JICA အစီအစဉ်ဖြင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုးရေးရှင်းမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် Unique Comm Group Co.,Ltd မှ တာဝန်ယူ၍ ဇန်နဝါရီလ ၂၄ ရက်

နေ့မှ စတင်၍ ၃၃/၁၁ ကေဗွီ (၅)အမ်ဗွီအေ ရွှေတောင် ဓာတ်အားခွဲရုံကို တည်ဆောက်လျက်ရှိရာ အဆိုပါတည်ဆောက်ခြင်းလုပ်ငန်းများမှာ ရာခိုင်နှုန်းပြည့်ပြီးစီး နေပြီဖြစ်သည်။ ၎င်း ၃၃/၁၁ ကေဗွီ (၅)အမ်ဗွီအေ ရွှေတောင်ဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးတော့မည် ဖြစ်၍ လျှပ်စစ်မီးလင်းပြီးကျေးရွာ ၁၂ ရွာကို လျှပ်စစ်ဓာတ်အား ပြည့်ဝစွာရရှိမည့်အပြင် လှျပ်စစ်မီး မရရှိသေးသည့် ကျေးရွာ(၃၃)ရွာကိုလည်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး မီးလင်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်လျှပ်စစ်မန်နေဂျာ ဦးယုမော်(အင်ဂျင်နီယာ)က ပြောကြားခဲ့ သည်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

သိန်းမြင့်ကျော်(မိတ္ထီလာ)

Leave A Reply

Your email address will not be published.

error: Content is protected !!