ပြည်သူတွေ သိသင့်တဲ့ ကိုဗစ်လူနာ (၅) မျိုး…
ကိုဗစ်ပိုးတွေ့လူနာတွေကို ဘယ်လိုခွဲခြားပြီး ဘယ်လို ကုသနေလည်းဆိုတာကို လေ့လာဖော်ပြပေးလိုက်ပါသည်။ လတ်တလော ပိုးတွေ့ လူနာများကို အုပ်စု ၅စု ခွဲခြားကုသနေပါသည်။အုပ်စု (က) ရောဂါလက္ခဏာမပြသူ No symptoms နှင့် အုပ်စု (ခ) ရောဂါလက္ခဏာမပြင်းထန်သူ Mild symtoms တို့ကို နေ့စဉ်ရောဂါ လက္ခဏာမေးခြင်း သွေးပေါင်ချိန် တိုင်းခြင်း အဖျားတိုင်းခြင်း သွေးတွင်းအောက်ဆီဂျင် SPO2 တိုင်းခြင်း အဓိက လုပ်ဆောင်ပါသည်။ အုပ်စု (ဂ) ရောဂါပြင်းထန် နိုင်ခြေများသူ High Risk groupဂရုစိုက်စောင့်ကြည့်ရမည့် အုပ်စုဖြစ်ပါသည်။ အသက် ၅ နှစ်အောက်ကလေး၊ အသက် ၆၅ အထက်လူကြီးနှင့် နဂိုရောဂါအခံ Comorbidity ရှိသူများ ဖြစ်ပါသည်။

အုပ်စု (ဃ) ရောဂါပြင်းထန်သူသွေးတွင်း အောက်ဆီဂျင် SpO2 သည် ၉၃ အောက်ကျလာခြင်းဖြင့် သတ်မှတ်ပါသည်။ ယခင်နေ့များက မရှိသော်လည်း မနေ့ကစ၍ ထွက်ပေါ်လာပါပြီ။ လက်ရှိ စစ်တွေလူနာ ၁၈၀ တွင် ၃ ယောက်ရှိပါသည်။ အသက် ၆၀ မှ ၇၀ ကြားဖြစ်ကြပြီး ဆီးချိုရောဂါ အဆုပ်ပွရောဂါ နဂိုရှိသူများဖြစ်ပါသည်။

ပိုးတွေ့လူမျာကို ကျန်းမာရေး ဝန်ထမ်းများက အထူးဂရုစိုက်ကုသနေပါသည်။ သမားတော်ကြီးမှ နေ့စဉ်အခြေအနေကို ဝေဘာဂီနှင့် တောင်ဥက္ကလာမှ ပါမောက္ခကြီးများ နင့် ဆက်သွယ်တိုင်ပင်ပြီး နေ့စဉ်ကုသမှုများ မလစ်ဟင်းရအောင် ကြပ်မတ်ပါသည်။ အောက်ဆီဂျင် ပေးထားပြီးမေ့ဆေးအထူးကုအဖွဲ့နှင့်လဲ နေ့စဉ် တိုင်ပင်ပါသည်။

အုပ်စု (င) အသည်းအသန်လူနာ Critically Illမေ့ဆေးအထူးကုများမှ အသက်ရှူစက်တပ်ဆင်ပြီး ICU တွင်ထားရန် ဆုံးဖြတ်ပါက အသည်းအသန်လူနာ အဖြစ်သတ်မှတ်ပါမည်။ လက်တလော မရှိပါ။အသက် ၈၄ နှင့် အသက် ၉၂ လူနာများ အခြေအနေကောင်းမွန်နေပါသည်။ အသက်ကြီးသော်လည်း ရောဂါအခံမရှိကြပါ။ ပြန်စစ် ပိုးမတွေ့လူနာများ ပေါ်ထွက် လာစေရန် အားတင်းထားပါသည်။ ယခုထိ ဒုတိယအကြိမ် ၁၁ ရက်တွင် ပြန်စစ်သူ ၇ ဦးရှိရာ ပိုးတွေ့ဆဲဖြစ်နေပါသည်။ တတိယအကြိမ်ကို နောက်ထပ် ၆ ရက်မြောက်တွင် ပြန်စစ်ရပါမည်။ ပြည်သူများ အကြောက်မလွန်ဘဲ နားလည် ပူးပေါင်းပါဝင်ခြင်းဖြင့် ကျွန်တော်တို့ ကျော်ဖြတ်နိုင်ကြ ပါလိမ့်မည်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….
#Th