Latest Breaking News & Headlines

The Rockနဲ့ မိသားစု Covid ကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာခဲ့….

101

ဟောလိဝုဒ်မင်းသား ဒွိန်းဂျွန်ဆင်နဲ့ သူ့ရဲ့မိသားစုဟာ လတ်တလော သီတင်းပတ်များအတွင်း COVID-19 ကူးစက်ခံခဲ့ရတယ်လို့ နပန်းသမားဟောင်း The Rock အဖြစ်လည်း လူသိများကြတဲ့ မင်းသားက ပြောပါတယ်။

တစ်ချိန်က The Rock အမည်ဖြင့် နပန်းသမားဖြစ်ခဲ့ဖူးသူ ဂျွန်ဆင်ဟာ လက်ရှိမှာ သရုပ်ဆောင်ကြေး ဝင်ငွေအမြင့်ဆုံး ဟောလိဝုဒ်မင်းသားလည်း ဖြစ်ပါတယ်။ ကျန်းမာရေး စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာနေခဲ့တဲ့ကြားက သူကိုယ်တိုင်၊ ဇနီးဖြစ်သူနဲ့ သမီးနှစ်ဦးတို့ COVID-19 ကူးစက်ခံခဲ့ရတယ်လို့ မင်းသားဂျွန်ဆင်က ပြောခဲ့ပါတယ်။

ဒါပေမဲ့ အခုအခါမှာတော့ တစ်မိသားစုလုံး COVID-19 ပျောက်ကင်းသွားပြီး ကျန်းမာနေပြီလို့လည်း ဂျွန်ဆင်က ဆိုပါတယ်။ အသက် ၄၈ နှစ်အရွယ် ဂျွန်ဆင်၊ သူ့ရဲ့ဇနီး အသက် ၃၅ နှစ်အရွယ် လောရင်နဲ့ သမီးနှစ်ဦးဖြစ်ကြတဲ့ အသက်လေးနှစ်နဲ့ နှစ်နှစ်အရွယ် ဂျက်စမင်နနဲ့ တီယာနာတို့ဟာ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ကျော်မှာ ရောဂါကူးစက်ခံခဲ့ကြရတာ ဖြစ်ပါတယ်။

ဂျွန်ဆင်မိသားစုဟာ အလွန်နီးကပ်တဲ့ မိသားစု မိတ်တွေများထံမှ COVID-19 ကူးစက်ခံခဲ့ရတာဖြစ်ပြီး သူတို့ကတော မည်သို့ ကူးစက်ခံခဲ့ကြရကြောင်း မသိဘူးလို့ ဆိုပါတယ်။ “ဒီဟာက မိသားစုအနေနဲ့ ကျွန်တော်တို့ တွေ့ကြုံခဲ့သမျှ စိန်ခေါ်မှုအဖြစ်ဆုံးနဲ့ အခက်ခဲဆုံး ကြံ့ကြံ့ခံရတာပါပဲ” လို့ မင်းသားဂျွန်ဆင်က Instagram ဗီဒီယိုမှာ ပြောထားပါတယ်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

#Th

Leave A Reply

Your email address will not be published.

error: Content is protected !!