Latest Breaking News & Headlines

ရခိုင် ပြည်နယ်မှာ ကူးစက် နေတဲ့ ကိုဗစ်ပိုး ဟာ ဗီဇပြောင်း ကူးစက် မြန်ပိုး ဖြစ်ကြောင်း သေချာ သွားပြီ…

178

ကူးစက်မြန် မျိုးဗီဇ ပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကို ရခိုင်ပြည်နယ် တွင် တွေ့ရှိမှု သေချာသလောက် ရှိနေပြီဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူး စက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်…

“လူနာဆီမှာ ဗိုင်းရပ်စ်ပိုးက ပမာဏ များများတွေ့ရတယ်။ အသက်ရှူတဲ့နေရာတွေမှာ အများစု နေတယ်။ ဒါကြောင့် ကူးစက်နိုင်မှုနှုန်း အရမ်းမြင့်တာဖြစ်တယ်’’ဟု ၎င်းက ရှင်းပြပါတယ်။ ကူးစက်မှုနှုန်း ၁၀ ဆ ခန့်အထိ ပိုမိုမြန်ဆန်သည့် G614 ဟုအ မည်ပေးထားသော မျိုးဗီဇအသစ် ၏ ပြင်းထန်နိုင်မှု အခြေအနေကို လေ့လာနေဆဲဖြစ်ကြောင်း ဗဟို ကူးစက်ရောဂါတိုက်ဖျက်ရေး ဌာ နခွဲညွှန်ကြားရေးမှူးကဆိုပါတယ်။

ကူးစက်မြန် မျိုးဗီဇပြောင်း လာသည့် ကိုဗစ် ရောဂါ၏ အခြေအနေမှာ ပြင်းထန်နိုင် မှုမရှိ ကြောင်း ဖြန့်ဝေနေကြခြင်းသည် မသေချာသေးသည့် အချက်အလက်ဖြစ်ကြောင်း ဒေါက်တာခင် ခင်ကြီးက ပြောပါတယ်။

ထိုကဲ့သို့ မတိကျသည့်သတင်း အချက်အလက်ဖြင့် မှားယွင်းသည့် စိတ်ချလုံခြုံမှု ပေးခြင်းသည် ကောင်းကျိုးထက် ဆိုးကျိုးဘက်ကို ဦးတည်စေတယ်လို့ ဆိုပါတယ်…

“ကူးစက်မှု အရမ်းမြန်တော့ ရောဂါမပြင်းထန်ဘူးလို့ ပြောနေ ကြတာတွေ တွေ့ရတယ်။ တစ်ခါ တလေကျတော့ စိုးရိမ်စိတ်တွေ အရမ်းမြင့်လာမှာဆိုးလို့ ဖြန့်ဝေ နေတယ်လို့ အကောင်း ဘက်က တွေးမြင်လိုက်ပါတယ်။ ဒါပေမဲ့ ပြင်းထန်မှု ရှိ၊မရှိဆိုတဲ့ အချက် အလက်က တခြားနိုင်ငံတွေအပါ အဝင် အခုကျွန်မတို့နိုင်ငံလည်း လေ့လာနေဆဲအဆင့်မှာရှိပါသေး တယ်’’ဟု ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

လက်ရှိမြန်မာ နိုင်ငံ၌ ကိုဗစ် ရောဂါတွေ့ရှိမှုသည် ကူး စက်မြန် မျိုးဗီဇပြောင်း ကိုရိုနာ ဗိုင်းရပ်စ်ပိုး ရခိုင်ပြည်နယ်၌ တွေ့ ရှိထားမှုနှင့် သက်ဆိုင်နေကြောင်း လည်း ဆိုပါတယ်။ G614 ဟုအမည်ပေးထား သော ကူးစက်မှုနှုန်း ၁၀ ဆ ခန့်အ ထိ ပိုမိုမြန်ဆန်သည့် မျိုးဗီဇအသစ်ကို အရှေ့တောင်အာရှနိုင်ငံ များ ကူးစက်နေသည့် အတွက် လာမည့်လ များတွင် အဆိုးဆုံးအခြေအနေကို ရင်ဆိုင်ရနိုင်ကြောင်း နိုင်ငံတကာ ဆေးဘက်ဆိုင်ရာ ကျွမ်း ကျင်ပညာရှင်များကသြဂုတ် တတိယပတ်က သတိပေးထားပါတယ်…

မျိုးဗီဇပြောင်း ဗိုင်းရပ်စ်ပိုး တွေ့ရသည့် ရခိုင်ပြည်နယ် တွင် ကိုဗစ် ရောဂါ အတည်ပြု လူနာ ၃၀၀ကျော်အနက် အသက် (၆၀) မှ (၇၀)ကြား အရွယ်ရှိလူနာ သုံးဦးမှာ လုံလောက်သောဆေး ဝါးကုသမှုပေး နေရကြောင်း အသိပေးထားပါတယ်။ ထို့အပြင် ယင်းပြည်နယ် အတွင်း ရောဂါရှိသူအားလုံး၏ ၈၅ ရာခိုင်နှုန်းမှာ လက္ခဏာမပြဘဲ အသက် (၁၅)နှစ်နှင့် (၃၀) အကြား ကူးစက်ခံရသူ ထက်ဝက်ခန့် ဖြင့် အများဆုံးဖြစ်နေပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ စာရင်းများအရ သြဂုတ် ၃၁ ရက်နံနက်ပိုင်း အထိ စစ်တွေမြို့တွင် ၁၈၅ ဦး၊ကျောက် ဖြူ ၅၃ ဦးနှင့် ပေါက်တော ၂၀ ဦး ဖြင့် အများဆုံးတွေ့ရှိထားကာ ပြည်နယ်တစ်ခုလုံး အတိုင်းအတာ အရ ရသေ့တောင်နှင့်ရမ်းဗြဲမြို့ နယ်မှလွဲ၍ အတည်ပြုလူနာ ပေါင်း ၃၄၈ ဦးအထိရှိပါတယ်။

ရောဂါကူးစက်မှုထိန်းချုပ် ရေး ရခိုင်ပြည်နယ်တွင် နေထိုင်သူ များသည် မိမိနေအိမ်တွင်သာနေ ထိုင်ရေးအပါအဝင် အခြားကန့် သတ်မှုများပါဝင်သော Semi- lockdown သတ်မှတ်ချက်ကို အစိုးရက သြဂုတ် ၂၆ ရက်က ညွှန်ကြားထားပါတယ်…

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

#Th

Leave A Reply

Your email address will not be published.

error: Content is protected !!