Latest Breaking News & Headlines

ကျောင်းများ ပိတ်ထားသော်လည်း ပညာရေး ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရန် အင်အားအပြည့် အသင့်ရှိနေရမည်…

110

ရခိုင်ပြည်နယ်မှ စ၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်နှုန်း ပြန်လည်မြင့်တက်လာချိန်တွင် အခြေခံပညာအထက်တန်းကျောင်းများကို ယာယီပိတ်ထားသော်လည်း ဆရာ၊ ဆရာမများအနေဖြင့် တာဝန်ထမ်းဆောင်ရန် အသင့်ရှိနေရမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရပါတယ်…

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်နှုန်း ပြန်လည်မြင့်တက်လာချိန်တွင် အဆိုပါပြည်နယ်တွင် ဖွင့်လှစ်ထားသော အခြေခံပညာအထက်တန်းကျောင်း ၄၀ဝ ကျော်ကို သြဂုတ်လ ၂၁ ရက်မှစပြီး ယာယီပိတ်ထားပြီး တစ်နိုင်ငံလုံးရှိ ကျောင်းပေါင်း ၄၆၀ဝ ကျော်အပြင် ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် ဘုန်းတော်ကြီး ပညာသင်ကျောင်း များကိုပါ သြဂုတ်လ ၂၇ ရက်မှစ၍ ယာယီပိတ်ထားရန် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အခြေခံပညာအထက်တန်း ကျောင်းများ ပိတ်ထားသော်လည်း အဆိုပါကျောင်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းရုံး ဝန်ထမ်းများအနေဖြင့် နေထိုင်ရာ အိမ်၊ အခန်းများတွင် နေထိုင်ရမည်ဖြစ်ပြီး ကျောင်းနှင့် ရုံးများကတာဝန်ပေးရန် အကြောင်းကြားပါက အသင့် ရှိရမည်ဖြစ်ပါတယ်…

“အစကတည်းက အဆင်သင့် ရှိနေကြပါတယ်။ အကယ်၍များ ကျောင်းပြန်ဖွင့်မယ်ဆိုရင် အဝေးမသွားစေချင်ဘူး။ အနီးအနားမှာပဲ အဆင်သင့်ဖြစ်စေချင်တဲ့သဘောပေါ့။ ကျွန်တော်တို့လည်း နေ့စဉ်ရုံးတက်နေရတယ်။ ကိုဗစ်နဲ့ပတ်သက်ပြီး အဆင်သင့်ဖြစ်နေဖို့ အားလုံးကို လုပ်ခိုင်းထားပါတယ်” ဟု ပလက်ဝမြို့နယ် ပညာရေးမှူး ဦးအောင်မင်းက ပြောကြားပါတယ်။

ထို့အပြင် ဖွင့်လှစ်မှုမရှိသေးသော အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းများမှ ကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းရုံးဝန်ထမ်းများအနေဖြင့်လည်း နေထိုင်ရာအိမ်၊ အခန်းများတွင်နေထိုင်ရမည်ဖြစ်ပြီး ကျောင်းနှင့်ရုံးများကတာဝန်ပေးရန် အကြောင်းကြားပါက အသင့်ရှိရမည်ဖြစ်ပြီး မလိုအပ်ဘဲ
ခရီးသွားလာခြင်းမပြုရန် ပညာရေးဝန်ကြီးဌာနက သြဂုတ်လ ၂၈ ရက်က ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။

“ကျွန်မတို့က ဝန်ထမ်းတွေဆိုတော့ ညွှန်ကြားချက် အတိုင်း လုပ်ရတာပေါ့။ လူပဲ ကြောက်တာပေါ့။ ဒါပေမဲ့ ဝန်ထမ်းလေ။ ထားရာနေ စေရာသွား ဘဝတွေ။ ဒီနှစ်ကလေးတွေအတွက်လည်း စိတ်မကောင်းဖြစ်မိတယ်” ဟု တာမွေ မြို့နယ်ရှိ အထက်တန်းကျောင်းမှ ဆရာမတစ်ဦးက ဆိုပါတယ်။

အခြေခံပညာအထက်တန်းအဆင့် ကျောင်းများကို ဇူလိုင်လ ၂၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သြဂုတ်လ တတိယအပတ်အထိ ကျောင်းပေါင်း ၄၆၀ဝ ကျော်ဖွင့်ထားပြီး ရခိုင်ပြည်နယ်မှစ၍ ကိုဗစ်-၁၉ ရောဂါကူးစက်နှုန်း ပြန်လည်မြင့်တက်လာသောကြောင့် ကျောင်းဖွင့်ပြီး တစ်လခန့်အကြာတွင် ယာယီပြန်လည် ပိတ်ထားခဲ့ခြင်းဖြစ်ပါတယ်…

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

#Th

Leave A Reply

Your email address will not be published.

error: Content is protected !!