Latest Breaking News & Headlines

ရခိုင်က ကိုဗစ် လူနာတွေ ရန်ကုန်ကို ခေါ်လာမယ့် သတင်းနဲ့ ကိုဗစ်နောက်ဆုံးရ သတင်းများ…

286

ရခိုင်မှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ် ရောဂါ ကို တတ်နိုင်သလောက် ကြိုးစားကုသပေးနေပါတယ်။ အဲဒီအထဲမှာမှ အသက်အရွယ်ကြီးမြင့်တဲ့ ရောဂါအခံ ရှိတဲ့ လူနာ ၃ ဦးရဲ့ အနေအထား ကတော့ ပြင်းထန်မှုရှိပါတယ်။ ဖိလစ်ပိုင်မှာ တနေ့ထဲ လူ ၄၀၀၀ ကျော် ကူးစက်ပီး ၁၀၀ ကျော် သေဆုံးသ လို အင်ဒိုနီးရှားမှာလဲ တရက်ထဲ လူ ၂၀၀၀ ကျော် ကူးစက်ပီး သေဆုံးသူတွေ ရှိပါတယ်။ ဒါကြောင့် ဒီရောဂါကို လုံးဝ ပေါ့ဆလို့ မရသေးပါဘူး။ အာဆီယံဒေသကို တဖန်ပြန်လည် ရိုက်ခတ်နေလို့ သတိပြုရမှာပါ။ ရခိုင်ပြည်နယ် စစ်တွေမြို့မှာတော့ စစ်တွေတက္ကသိုလ်နဲ့ ရခိုင်ပြည်နယ် လွှတ်တော်တွေကို ယာယီဆေးရုံတွေအဖြစ် ပြောင်းလဲဖို့ စီစဉ်နေပါတယ်…

ဒီနေ့မှာတော့ ရခိုင်ပြည်နယ်က လူနာတွေကို ရန်ကုန်က ဖောင်ကြီးဆေးရုံ ကိုဗစ်စင်တာ ကို ပြောင်းရွှေ့ကုသမှုပေးနိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ နေပြည်တော်က ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ ဆွေးနွေးနေကြပါတယ်။ နောက်ဆုံးပြောချင်တာက ရခိုင်ကနေ ရန်ကုန်ကို ၁၀ ရက်နေ့ နောက်ပိုင်း ပြန်လာကြသူတွေ ထဲက လူ ၄၀၀၀ ကျော် အခုထိ မဆက်သွယ်သေးပါဘူး။ ပြည်သူ့ကျန်းမာအပါအဝင် Trace လိုက်သူတွေက ဖုန်းခတွေ အကုန်ခံပီး ဖုန်းနံပါတ်ရအောင် ကြိုးစားပီး ဆက်သွယ်ရာမှာလဲ ဖုန်းမကိုင်တာ၊ ဖုန်းချတာ၊ မသိချင်ယောင်ဆောင်တာ၊ ပေါက်ကရတွေ ပြောတာတွေကို သိရှိနေရပါတယ်။ ဖုန်းတွေ ဆက်ချင်လို့ လိုက်ဆက်နေတာ မဟုတ်ပါဘူး…

အဲဒီလူတွေကို စစ်ထားနိုင်မှ ရန်ကုန် အပါအဝင် တပြည်လုံးကို ထပ်မံမကူးစက်အောင် ကာကွယ်နိုင်မှာမို့လို့ပါ။ လူလို သိတတ်ရင် ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ အဲဒီလို ကပျက်ကချော်ပြုမှုတွေ များပြားလွန်းတာကြောင့် သတင်းမပို့သူတွေကို ကူးစက်ဥပဒေနဲ့ ထိထိရောက်ရောက် အရေးယူမှာဖြစ်ပါတယ်။ ရခိုင်ကနေ ပြန်လာကြတဲ့သူတွေထဲက ၈၀၀ ခန့်ကို swab ယူခဲ့ပီး စစ်ဆေးပီးပါပီ။ Negative ဆိုရင် အိမ်မှာပဲ နေရမှာဖြစ်ပီး ၂၀ ကျော်မှ ပြန်လာသူတွေကိုတော့ FQ ထားဖို့ စီစဉ်နေပါတယ်။ ဒါကြောင့် မစိုးရိမ်ကြပဲ အားလုံးပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်…

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

#Th

Leave A Reply

Your email address will not be published.

error: Content is protected !!