Latest Breaking News & Headlines

နှစ်ပေါင်းနှစ်ရာကျော် ပျောက်ဆုံး နေသော မင်းကွန်း ခြင်္သေ့ကြီးများ ၏ အစွယ် နှစ်ချောင်းကို ပြန်တွေ့…

231

မင်းကွန်း ပုထိုးတော်ကြီးရှိ ခြင်္သေ့ကြီး များ၏ နှစ် ၂၀၀ ကျော်ကြာ ပျောက်ဆုံးနေသော အစွယ်နှစ်ချောင်းကို ဘုရားဝန်းအတွင်း မြေလိုင်းကျင်း တူးစဉ် ဩဂုတ် ၁၉ ရက်နေ့က တွေ့ရှိခဲ့သည်။စစ်ကိုင်းမြို့နယ် မင်းကွင်းဒေသရှိ ပုထိုးတော်ကြီး၊ ခေါင်းလောင်းကြီး၊ ခြင်္သေ့ကြီးတို့ကို ကုန်းဘောင်မင်းဆက် ဘိုးတော်ဘုရား လက်ထက် ၁၁၅၂ ခုနှစ်တွင် တည်ထားခဲ့ ခြင်းဖြစ်သည်။

ပုထိုးတော်ကြီးရှိ ခြင်္သေ့ကြီးနှစ်ကောင်မှာ ရှေးခေတ် အုတ်ချပ်ရေ ၈ သိန်းဖြင့် တည်ဆောက်ခဲ့ပြီး အမြင့် ၉၅ပေ ရှိသည်။ ၁၂၀၀ ပြည့်နှစ်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ခြင်္သေ့ကြီးနှစ်ကောင်၏ ဦးခေါင်းရှေ့ပိုင်းများ ပြိုကျပျက်စီးခဲ့ရသည်။ခြင်္သေ့ကြီး နှစ်ကောင်ဝင်းထဲမှာ ဈေးဆိုင်တွေရှိတယ်။ နိုင်ငံခြား ဧည့်သည်တွေကို အဓိကထား ရောင်းတာ စနစ်တကျ ဆောက်တာ မဟုတ်တော့ အမြင် မတင့်တယ်ဘူး။ ကိုဗစ်ကာလ ခရီးသွားမရှိတုန်း ဆိုင်တွေလည်း ပိတ်ထားတော့ ဆိုင်ပြန်ဖွင့်ရင် စနစ်တကျဖြစ်အောင် ပြန်ဆောက်ဖို့

လိုင်းကျင်း တူးတုန်း မမျှော်လင့်ဘဲ တွေ့တာပါ” ဟု မင်းကွင်းနယ်မြေမှ ပန်းချီကိုစုက ပြောသည်။ အစွယ်သည် စကျင်ကျောက်သားဖြင့် ပြုလုပ်ထားပြီး အလျား ၆၉ လက်မ၊ လုံးပတ် အရင်း ၆၅လက်မ၊ အလယ် ၆၅လက်မ၊ အဖျားအတွင်းအရင်း၂၀လက်မနှင့် အချွန်းနေရာ ၁၆လက်မ၊ အချင်း ၃ ပေရှိပြီး ခန့်မှန်းအလေးချိန် ပိဿာ ၁ ထောင်ခန့် ရှိသည်။ ခြင်္သေ့ကြီးများ၏ မျက်လုံးကိုလည်း လုံးပတ် ၁၃ ပေရှိ စကျင်ကျောက်ဖြင့် ပြုလုပ်ခဲ့ပြီး အဆိုပါ မျက်လုံးများကိုယခင်က တူးဖော်ရရှိခဲ့သည်။

ခြင်္သေ့ကြီးများ၏ မျက်လုံးမှာ ကြီးမားလေးလံသောကြောင့် တပ်ဆင်ရန်မလွယ်သဖြင့် အုတ်အင်္ဂတေဖြင့်သာ ပြုလုပ်တပ်ဆင်ခဲ့ကြောင်း သိရသည်။ ယခု တွေ့ရှိသော စကျင်ကျောက်သားခြင်္သေ့ကြီးများ၏ အစွယ်များကို လက်ရှိခြင်္သေ့ကြီး နှစ်ကောင်အနီး ခုံပေါ်တွင် ယာယီထားရှိပြီး မင်းကွန်းလေးဋ္ဌာန ဆရာတော်များမှ ဆက်လက် ထိန်းသိမ်း စောင့်ရှောက်နိုင်ရန် စီစဉ်ဆောက်ရွက် သွားမည်ဖြစ်သည်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

#Th

Leave A Reply

Your email address will not be published.

error: Content is protected !!