Latest Breaking News & Headlines

OXFORD နဲ့ ASTRAZENECA ပူးပေါင်း စမ်းသပ်နေတဲ့ ကိုဗစ်ကာကွယ် ဆေးနိုဝင်ဘာလမတိုင်မီ အသုံးပြုနိုင်ဖို့ အလားအလာကောင်းနေ…

95

ဗြိတိန် Oxford တက္ကသိုလ်နဲ့ AstraZeneca ဆေးကုမ္ပဏီ တို့ ပူးပေါင်းစမ်းသပ်နေတဲ့ COVID-19 ကာကွယ်ဆေးနဲ့ ပတ်သက်လို့ လိုအပ်တဲ့ အချက်အလက်တွေ အလုံအလောက်ရမယ်ဆိုရင် ကာကွယ်ဆေးထုတ်လုပ်ခွင့်ရဖို့ ခွင့်ပြုချက်ကို ဒီနှစ်ထဲလျှောက်ထားနိုင်လိမ့်မယ်လို့ Oxford တက္ကသိုလ် COVID-19 ကာကွယ်ဆေး စမ်းသပ်ရေးအဖွဲ့ ဒါရိုက်တာ Andrew Pollard က ဒီကနေ့ BBC သတင်း ကို ပြောပါတယ်။Oxford တက္ကသိုလ်က စမ်းသပ်နေတဲ့ ဒီ COVID-19 ကာကွယ်ဆေးက လူတွေနဲ့ စမ်းသပ်မှု အဆင့်တွေမှာ အလားအလာကောင်းတဲ့ ရလဒ်တွေရှိနေပြီး လူ့ခန္ဒာကိုယ်ထဲရောဂါ ကာကွယ်ခုခံနိုင်စွမ်းကိုလည်း တိုးမြှင့်ပေးနိုင်တာကိုတွေ့ရတာပါ။ ကမ္ဘာနဲ့အဝန်း COVID-19 ကာကွယ်ဆေး အပြိုင်အဆိုင် စမ်းသပ်နေကြတဲ့အထဲမှာ အခု Oxford ကစမ်းသပ်နေတဲ့ ကာကွယ်ဆေးက ရှေ့ကဦးဆောင်နေတဲ့ စမ်းသပ်မှုတွေထဲ ပါဝင်ပါတယ်…

အမေရိကန်ပြည်ထောင်စု မှာလည်း နိုဝင်ဘာလ ရွေးကောက်ပွဲမတိုင်ခင် အမြန်ဆုံး ကာကွယ်ဆေး ထုတ်လုပ် အသုံးပြုနိုင်ဖို့ သမ္မတ Trump အစိုးရက ကြိုးပမ်းနေကြောင်း ဒီသီတင်းပတ်အစောပိုင်းတုန်းက Financial Times သတင်းစာက ဖော်ပြခဲ့ပါတယ်။ သုံးသပ်နေတဲ့ လုပ်ဆောင်နိုင်ခြေ နည်းလမ်းတခုကတော့ အလားအလာ ရှိတဲ့ ကာကွယ်ဆေးကို အမေရိကန်အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဌာန (FDA)က အောက်တိုဘာလလောက်မှာ အရေးပေါ် အသုံးပြုခွင့်ပေးဖို့ဆိုတာမျိုး ပါဝင်တယ်လို့လည်း Financial Times သတင်းစာမှာ ဖော်ပြထားတာပါ…

အရေးပေါ် အခြေအနေအရ ကာကွယ်ဆေး စမ်းသပ်မှုတွေ ကို အချိန်ချုံ့ပြီး ထုတ်လုပ်သုံးစွဲကြတာဖြစ်ပေမဲ့ အချက်အလက်တွေကို ဂရုတစိုက် စီမံခန့်ခွဲလုပ်ဆောင်သွားရမှာဖြစ်သလို ဒီဆေးကတကယ် ထိရောက်မှုရှိ၊ မရှိ အထောက်အထားတွေကိုကောက်ယူစုဆောင်းရမှာ ဖြစ်တယ်လို့လည်း ဒါရိုက်တာ Andrew Pollard က ပြောပါတယ်…

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

#Th

Leave A Reply

Your email address will not be published.

error: Content is protected !!