Latest Breaking News & Headlines

တရုတ်ပြည် WEIBO မှာ နာမည်ကြီးနေတဲ့ ဗီဒီယို တစ်ခု…

346

တရုတ်ပြည်က လူတွေအသုံးများတဲ့ ဆိုရှယ်မီဒီယာ Weibo မှာ ဗီဒီယိုတစ်ခု ဩဂုတ်လ ၁၉ရက်ကတည်းက နာမည်ကြီးနေတယ်။ အဲ့ဒီ ဗီဒီယိုကို နှိပ်တဲ့ကလစ်ပေါင်း ၉၁ သန်းကျော်နေပြီတဲ့။ အဲ့ဒီဗီဒီယိုက တရုတ်နိုင်ငံတောင်ပိုင်း၊ စီချွမ်ပြည်နယ်က ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်ကြီးရဲ့ ခြေဖဝါးတော်အထိ ရေတွေကြီးနေတဲ့ ဗီဒီယိုပေါ့…

အဲ့ဒီ ဧရာမ ဗုဒ္ဓရုပ်ပွားတော်ကြီးဟာ တောင်နံရံမှာ ထွင်းထုထားတာဖြစ်တယ်။ ခြေနှစ်ဖက်စုံချထားတာမို့ ” ပြလမ္ဗနာသန” ဗုဒ္ဓရုပ်ပွားတော်ကြီး ဖြစ်ပါတယ်။ဧရာမဗုဒ္ဓရုပ်ပွားတော်ကြီးဟာ အရှေ့ဘက်မှာရှိတဲ့ မြစ်သုံးစင်းဆုံရာနေရာနဲ့ တစ်ဖက်ကမ်းမှာရှိတဲ့လီရှန်မြို့ကို မျက်နှာမူထားတယ်။ Leshan Giant Buddha လို့ ကမ္ဘာက သိတဲ့ အဲ့ဒီ ဗုဒ္ဓရုပ်ပွားတော်ကြီးဟာ တရုတ်နိုင်ငံ ” တန် ” မင်းဆက်လက်ထက်၊ အေဒီ ၇၁၃ မှာ စတင်ထွင်းထုပြီး နှစ်ပေါင်း ၉၀ အကြာ အေဒီ ၈၀၃ မှာအပြီးသတ်ခဲ့တာပေါ့။ခေတ်အဆက်ဆက် မင်းတွေနဲ့လူတွေ ထိန်းသိမ်းလာခဲ့တာ နှစ်ပေါင်း ၁၂၀၀ ကျော်လာပြီ…

လီရှန်မြစ်နံဘေး သစ်တောထဲမှာရှိတဲ့ အချို့ သစ်ပင်တွေဟာလည်းပဲ နှစ်ပေါင်း ၁၀၀၀ ကျော် သက်တမ်းရှိတဲ့ အဖိုးတန်အပင်တွေဖြစ်တဲ့အတွက် ၁၉၉၆ ခုနှစ်တုန်းက ယူနက်စကိုအဖွဲ့ကြီးရဲ့ ” ကမ္ဘာ့ယဉ်ကျေးမှုနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ” ဆိုက်တစ်ခု (World Heritage Site ) လို့ စာရင်းသွင်းခံရတဲ့ နေရာဖြစ်တယ်…

အခုတော့ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်ကြီးရဲ့ ခြေဖဝါးတော်အထိ ရေတွေရောက်နေပြီ။ ဒါကြောင့် အဲ့ဒီနေရာကို အခုလောလောဆယ်တော့ ခဏပိတ်ထားရတယ်။ဒါဟာ ဆယ်စုနှစ်များစွာအတွင်းမှာ ပထမဆုံးအကြိမ် ကြီးမားတဲ့ရေလွှမ်းမိုးမှုကြီးဖြစ်တယ်တဲ့။ မြစ်ကျဉ်းသုံးသွယ်ရေကာတာကြီး ကျိုးပေါက်ခဲ့ပါလျှင်.. ဗုဒ္ဓရုပ်ပွားတော်ကြီးက မီတာ ၇၀ ရှည်ပြီး အတော့်ကို သပ္ပါယ်လှတယ်။ဒီလိုရေကြီးပြီး ဗုဒ္ဓရုပ်ပွားတော်ကြီးရဲ့ ခြေတော်အထိ ရေတက်တာမျိုးဟာ တွေရခဲပါတယ်။ ၁၉၄၉ ခုနှစ်ကတည်းက ဒီလို တစ်ခါမှ မဖြစ်ခဲ့ဖူးပါ။ဇွန်လကတည်းကစပြီး ရေကြီးလိုက်တာဟာ ဒီနေ့အထိပဲ။ ရေကြီးမှုကြောင့် အနည်းဆုံးလူပေါင်း ၅၅ သန်းကိုဒုက္ခရောက်စေခဲ့ပြီ…

လူဦးရေ ၅၅ သန်း ဆိုတာ နည်းတာမဟုတ်။ ကနေဒါ တစ်နိုင်ငံလုံးမှာရှိတဲ့ လူဦးရေထက် ပိုများတယ်။ တောင်ကိုရီးယား တစ်နိုင်ငံလုံးထက်များတယ်။မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ လူဦးရေထက်တောင်ပိုတယ်။ အာရှတိုက်ရဲ့ အရှည်လျားဆုံးမြစ်ဖြစ်တဲ့ တရုတ်ပြည်ရဲ့ ယန်ဇီမြစ် (Yangtze River ) မှာ မိုးတွေရွာနေဆဲ…

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

#Th

Leave A Reply

Your email address will not be published.

error: Content is protected !!