Latest Breaking News & Headlines

သရုပ်ဆောင် တစ်ချို့က ဈေးနှိမ်ပေးပြီး နှိမ့်ချဆက်ဆံတယ်လို့ ဝေဖန်ကြတဲ့ အပေါ် ပြန်လည် ဖြေရှင်းလာတဲ့ ဖြူဖြူထွေး…

122

ပရိသတ်ကြီးရေ ဖြူဖြူထွေး ကတော့ အားလုံး သိကြတဲ့ အတိုင်း ပရိသတ်တွေပါမက အနုပညာရှင်တွေရဲ့ ချစ်ခင်လေးစားမှုကိုလည်း ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ယခုလို ကိုဗစ်ကာလမှာလည်း နောက်လိုက် အနုပညာရှင်များကို ခေါ်ယူပြီး ကြော်ငြာရိုက်ကူးရေးတွေလည်း ပြုလုပ်နေပါတယ်။ အလှူအတန်းမှာလည်း ရက်ရက်ရောရောနဲ့ ပါဝင် ကူညီနေတယ် ဆိုတာလည်း ပရိသတ်ကြီးအားလုံး သိရှိလောက်မှာပါ။ယခုရက်ပိုင်းမှာတော့ သရုပ်ဆောင်တစ်ချို့က ဖြူဖြူထွေးဟာ အနုပညာရှင်တွေကို နှိမ့်ချဆက်ဆံတယ်ဆိုတဲ့ ဝေဖန်မှုတွေပြုလုပ်လာခဲ့တာဖြစ်ပြီး ဒီလို ဝေဖန်မှုတွေကို ဖြူဖြူထွေးက တည်ငြိမ်စွာနဲ့ ဖြေရှင်းလာခဲ့တာပါ

ဖြူဖြူထွေးက ” ကိုယ်က ဇာတ်ညွှန်းရေး တဲ့ သူဆိုတော့ ဇာတ်သိချင်လို့ ဖုန်းနဲ့ ပြောပေးတာကလွဲပြီး သရုပ်ဆောင်တွေကို ကိုယ်တိုင် ဖုန်းဆက်ပြီး မခေါ်ဖြစ်ဘူး။ ဘာဖြစ်လို့ ကိုယ်တိုင် ဖုန်းဆက်ပြီး သရုပ်ဆောင်တွေကို မခေါ်ဖြစ်တာလဲဆိုတော့ ကိုယ်က ဇာတ်ညွှန်းရေးတဲ့သူ ဖြစ်တဲ့အတွက် ဇာတ်ညွှန်းထဲမှာပဲ အာရုံရတယ်။ အမကပဲ သရုပ်ဆောင်တွေ ကို ဖုန်းဆက်ပြီး ခေါ်တယ်။ တခါတလေကျ အမကပဲ ပုံလေးတွေ လာပြတယ်။ တခါကျတော့လည်း ကိုယ့်ဘာသာ ဖေ့ဘုတ်သုံးနေရင်း ဒီကာရိုက်တာလေးကတော့ ဒီဇာတ်ရုပ်လေးနဲ့ လိုက်တယ်။ ခေါ်လိုက်ပါ မကြီးရေ ဆိုပြီး အမကို ခေါ်ခိုင်းတာမျိုးလည်း ရှိတယ်။ ”လို့ ပြန်လည်ဖြေရှင်း လာခဲ့တာပါ…

ဆက်လက်ပြီး ဖြူဖြူထွေးက “ဘယ်သူ့ကိုမှလည်း ဈေးမဆစ် ခဲ့ပါဘူး။ ဒီဈေးလား ရတယ် ဒီဈေးဆိုရင် တကယ်လိုက်မယ့်ဇာတ် ခေါ်ရိုက်ပေးတယ်။တခါတလေကျရင် အလုပ်အပ်တဲ့သူတွေက သတ်မှတ်ထားတဲ့ ဈေးဆိုတာ ရှိတယ်။ အဲ့ဒါကို ကိုယ်ကနေမှ ဒီထဲမှာ လိုက်မယ့်သူတွေ ရွေးရတယ်။ တချို့ ဈေးကြီးကြီးတောင်းတဲ့ သရုပ်ဆောင်တွေ ဆိုရင်လည်း အလုပ်အပ်တဲ့ သူတွေက ရတယ် တတ်နိုင်တယ်ဆိုရင်လည်း ကိုယ်က ခေါ်ရိုက်တယ်။ အလုပ်အပ်တဲ့သူက မတတ်နိုင်ဘူးဆိုရင်လည်း ဈေးကြီးတဲ့ သရုပ်ဆောင်တွေဆိုရင် ရတယ် နောက်တစ်ခါ ခေါ်ရိုက်မယ်ဆိုပြီး ပြောပေးဖြစ်တယ်။ သူပြောထားတဲ့ ဈေးပဲ ဈေးလုံးဝမဆစ်ဘူး။ နောက်ပြီး သရုပ်ဆောင်တွေ တော်တော်များများကို ဖုန်းဆက်တာကလည်း သမီးမဟုတ်ဘူး။ ” လို့ ရှင်းပြလာခဲ့တာပါ ပရိသတ်ကြီးရေဖြူဖြူထွေးတစ်ယောက်ကတော့ ဝေဖန်လာသူတွေကို တည်တည်ငြိမ်ငြိမ်နဲ့ပဲပြန်လည်ဖြေရှင်းလာခဲ့တာပါ ပရိသတ်ကြီးရေ လူမှုကွန်ယက်မှာ စိတ်ဝင်စားနေကြတာဖြစ်လို့ တင်ဆက်ပေး လိုက်ရပါတယ်နော်…

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

#Th

Leave A Reply

Your email address will not be published.

error: Content is protected !!