Latest Breaking News & Headlines

ဗီဇပြောင်း ကူးစက် မြန် ကိုရိုနာ ဗိုင်းရပ်စ် ကို လွှတ်ကြောက် စရာ လိုလို့လား…

221

ဒေါက်တာခင်ခင်ကြီး က ပိုပြီး ကူးစက် လွယ် တဲ့ D614G ဘာညာဆိုတော့ လွှတ်ကြောက် နေကြလို့ ကြောက်စရာမလိုကြောင်းကို သေချာရှင်းပြပါမယ်။ တွဲထားတဲ့ ပုံကတော့ ကျနော့်လို ဖွတ်ကြား ကောင် ပြောရင် မင်းက ဘာကောင်မို့ ယုံရမှာလဲ ထင်မှာစိုးလို့ သက်သေတွဲ ထားတာပါ။ အရင်ကတည်းက ကျနော် ယုံကြည် ယူဆထားတာနဲ့ ထပ်တူမို့ပါပဲ။ D614G ဟာ ဆယ်ဆ ပိုပြီး ကူးစက်လွယ်တာ ဟုတ် ပါတယ်။ ဒါပေမယ့် သတင်းကောင်း က အဆိုပါ မျိုးကွဲဟာ ဖေဖေါ်ဝါရီလ အစပိုင်းကတည်းက ပေါ်နေတာဖြစ်ပြီး ဥရောပမှာ အဲဒီ D614G ပေါ်လာပြီးတဲ့နောက်ပိုင်း သေဆုံးနှုန်းကျသွားပါသတဲ့…

ကူးစက်နှုန်း များပေမယ့် သေဖို့ မလွယ်တော့တဲ့ ဗိုင်းရပ်စ် ဟာ ပိုကောင်းလား မကောင်းလား။ သက်သေအနေနဲ့ကတော့ အခု ရခိုင်မှာ ရောဂါတွေ့တဲ့ သူတွေ တစ်ယောက်မှ ဖျားတဲ့ အဆင့်တောင် မရောက်သေးပါဘူး။ ရောဂါ ဘယ်လောက်ပျော့လဲဆိုတာရဲ့ သက်သေပါ။ ကာကွယ်ဆေးမျှော်နေတဲ့ သူတွေအတွက် စိတ်မကောင်းစရာ တစ်ခုကတော့ လက်ရှိ ရှာနေတဲ့ ကာကွယ်ဆေး Vaccine တွေဟာ D614G ကို ကာကွယ် နိုင်မလား မသေချာပါဘူးတဲ့။ ဗိုင်းရပ်စ်တွေရဲ့ ထုံးစံ အတိုင်း အခုလို ဆက်ပြီး Mutate ပြောင်းလဲ သွားမယ် ဆိုရင် ဖြစ်လာနိုင် တာ တုတ်ကွေးလိုမျိုး လူများများမှာ ကူးပြီးတော့ ရောဂါပြင်းထန်မှုနှုန်း ကျသွားတာ၊ ရောဂါလက္ခဏာ မပြဘဲနဲ့ အကြာကြီးကိုယ်ထဲမှာ ရှိနေနိုင်တာမျိုးပဲ ဖြစ်ပါလိမ့်မယ်တဲ့…

ကျွန်တော် အရင်ပြောဖူး သလိုပဲ ဗိုင်းရပ်စ်ဆိုတာ တခြားကမ္ဘာက ဂြိုလ်သား လို့ တင်စားရတဲ့ အကောင် ပါ၊ သူ့ကို သတ်မယ့် ဆေးပေါ်လာရင် နောက်တစ်မျိုးကို ပြောင်းဖို့ အရမ်းမြန် တတ်ပါတယ်။ ဒါကို တကယ်လိုက် ပြောင်းပြီး တိုက်ခိုက်နိုင်တာ လူခန္ဓာကိုယ်ရဲ့ ခုခံအား စနစ်ပဲရှိပါတယ်။ ဒီတော့ ကျန်းမာအောင်နေပါ၊ ဆီးချို သွေးတိုး ကင်ဆာ စတာတွေမဖြစ်အောင် အစားအစာ ဆင်ခြင်ပါ၊ အဝမလွန်ပါစေနဲ့၊ လေ့ကျင့်ခန်း မှန်မှန်လုပ်၊ အိပ်ချိန်မှန်မှန်အိပ်ပါ။ ဒီနည်းထက် ကောင်းတဲ့ ဗိုင်းရပ်စ်ကာကွယ်နည်းမရှိပါဘူး။ အိမ်ထဲနေပါ လက်ဆေးပါ Mask တပ်ပါ ဆိုတာတွေက ရေရှည်ဘယ်သူမှ မှန်မှန်မလုပ်နိုင်ပါဘူး…

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!