ဘားအံ မှာ သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်ကျော်၊ မြစ်ချောင်းဘေး နေထိုင်သူတွေနဲ့ အနိမ့်ပိုင်း နေထိုင်သူတွေ သတိပြုနေထိုင်ကြဖို့ သတိပေးထား…
ကရင်ပြည်နယ်၊ ဘားအံမြို့မှာ သံလွင်မြစ်ရေဟာ ဩဂုတ်လ ၂၃ ရက်နေ့ မနက် ၁၁ နာရီ ၃၀ မိနစ် တိုင်း တာချက် အရ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာ ရဲ့ အထက် ၇၉၁ စင်တီမီတာ ရောက်ရှိ နေပြီလို့ ပြည်နယ် မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက ဘီဘီစီကို ပြောပါတယ်…

ဘားအံ မြို့ အနိမ့်ပိုင်း ရပ်ကွက် အစွန်းတွေမှာ နေထိုင်သူတွေ အတွက် ကူညီကယ်ဆယ် နေရာချထားရေး၊ ရေကင်းလှည့်ရေး၊ ကယ်ဆယ်ရေး နဲ့ အရေးပေါ် နေ ရာပြောင်းရွှေ့ ချထားရေး အစရှိတဲ့ လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ထားကြောင်း ကရင်ပြည်နယ် လူမှုရေးဝန်ကြီး စောဘိုဘိုဝေမောင်က ပြောပါတယ်…


ကရင်ပြည်နယ် အနှံ အပြား မှာ မိုး ဆက်လက် ရွာသွန်း နေလို့ မြစ်ရေ ဆက်တိုးလာနိုင်တဲ့ အခြေအနေလည်း ရှိနေပါတယ်။ ဒါကြောင့် မြစ်ချောင်း ဘေးနေထိုင်သူတွေနဲ့ အနိမ့်ပိုင်းနေထိုင်သူတွေ သတိပြုနေထိုင်ကြဖို့ လိုကြောင်းနဲ့ ကရင်ပြည်နယ်အစိုးရအဖွဲ့က အရေးပေါ်ကူညီရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို အချိန်နဲ့ တပြေးညီ ဆောင်ရွက် ပေးနိုင်ရေး ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားရှိကြဖို့ ဌာန ဆိုင်ရာ တာဝန်ရှိသူတွေကို လမ်းညွန်ချက် ထုန်ပြန် ထားတယ်လို့ ဆိုပါတယ်…


အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….