ဘား၊ နိုက်ကလပ်နှင့် ကေတီဗီများ ပိတ်သိမ်းရန် ညွှန်ကြားထား ၊ မပိတ်သိမ်းပါက ဥပဒေအရ အရေးယူမည်…
တစ်နိုင်လုံးတွင် ဘား၊ နိုက်ကလပ်နှင့် KTV ဆိုင်များဖွင့်ခွင့်မပြုသေးကြောင်း COVID-19 ကာကွယ်၊
ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ကထုတ်ပြန်သည်။

ညွှန်ကြားချက်များလိုက်နာ ခြင်းမရှိဘဲ ဖွင့်နေသည်ကို စိစစ် တွေ့ရှိပါက ဆိုင်ပိတ်သိမ်းသည် အထိ အရေးယူသွားမည်ဟု ကော်မတီက အသိပေးထား သည်။
နေပြည်တော်ကောင်စီအ ပါအဝင် တိုင်းနှင့်ပြည်နယ်များ၌ ဟိုတယ်များနှင့် သီးခြားနေရာများ ရှိ ဘား၊ နိုက်ကလပ်နှင့် KTV ဆိုင်များသည် လက်ရှိကပ်ရောဂါ
ကူးစက်ရန်လွယ်ကူသည့်နေရာများဖြစ်သည့်အတွက် ဖွင့်လှစ် ခြင်း ခွင့်မပြုရန်နှင့် သတ်မှတ် ညွှန်ကြားချက်များကို လိုက်လံ စစ်ဆေးရန် ဒေသဆိုင်ရာအာ ဏာပိုင်များသို့ ညွှန်ကြားထားခြင်း ဖြစ်သည်။

ထို့အပြင် သြဂုတ် ၁၂ ရက် ကပြုလုပ်ခဲ့သည့် ဗဟိုကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ ကြီးများရှိ
စားသောက်ဆိုင်နှင့်တွဲထားသည့်ဘားများနှင့် သီးခြားနေ ရာများ ဘားများဖွင့်နေသည်ကို တွေ့ရှိနေရခြင်းကြောင့်
အဆိုပါ ဆိုင်များကို ပိတ်သိမ်းသည်အထိ ထိရောက်စွာအရေးယူရန် ညွှန် ကြားထားသည်။
အဓိကကတော့ ရန်ကုန် လို၊ မန္တလေးလိုမြို့ကြီးတွေမှာ ဘားတွေ ပြန်ဖွင့်နေကြတယ်။ ဒါက တရားဝင်ဖွင့်ခွင့်ပြုသေးတာမဟုတ်ဘူး။
ဒီအတွက် ဘယ်လို အရေးယူနိုင်တယ်ဆိုတာ အသိ ပေးတာလည်းပါတယ်။ တကယ် လည်း စိစစ်အရေးယူသွားမယ် ဟု
ရန်ကုန်တိုင်း COVID 19 တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောသည်။

ဧပြီလက စတင်ပိတ်သိမ်း ခိုင်းခဲ့သည့် ဘား၊ နိုက်ကလပ်နှင့် KTV ဆိုင်များကို လိုက်လံစစ်ဆေး ရန် ခရိုင်အလိုက် အာဏာပိုင်များ သို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကတာဝန်ပေးထားကြောင်း ၎င်းက ဆိုသည်။
သို့သော် အဆိုပါအ ရေးကိစ္စနှင့်ဆက်စပ်၍ အရေးယူ မှုမရှိသေးပေ။တိုင်းနှင့် ပြည်နယ် အသီးသီး၌ ညွှန်ကြားစာကို
သြ ဂုတ် ၁၄ ရက်နှင့် ၁၅ ရက်စွဲဖြင့် ထုတ်ပြန်ထားသော်လည်း ရန် ကုန်မြို့ရှိ ဘားနှင့် နိုက်ကလပ် များသည် သြဂုတ် ၁၉ ရက်အထိ ဖွင့်လှစ်ထားဆဲဖြစ်သည်။
အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….