Latest Breaking News & Headlines

သာမည ဆရာတော်ကြီး ပေးခဲ့သော ငွေကြေးနှင့် ပတ်သက်၍ လာဘ်ပိတ်သူတို့ လာဘ်ပွင့်စေသော ပုတီးစိပ်နည်း…

313

သာမညဆရာတော် ဘုရားကြီးချီးမြှင့်ခဲ့သော အချိန်အခါ ရွေးနည်းတွင်နေ့တစ်နေ့ကို အချိန်အပိုင်းအခြားအလိုက် ကောင်းသောအချိန်နှင့် မကောင်းသောအချိန် အကြမ်းဖျင်းခွဲခြားထားပါသည်။

ငွေကြေးဓနနှင့် ဆိုင်သော စန်းနက္ခတ်တို့ ဖြစ်ထွန်းအားကောင်းသော *မုဆိုးရွှေအိုးရကိန်း*အချိန်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

-တနင်္ဂနွေနေ့တွင် နံနက် ၁၀နာရီ ၄၉မိနစ်မှ နေ့လည် ၁နာရီ ၁၂မိနစ်အတွင်း

-တနင်္လာနေ့တွင် နေ့လည် ၁နာရီ ၁၃မိနစ်မှ ညနေ ၃နာရီ၃၆ မိနစ် အတွင်း

-အင်္ဂါနေ့တွင် ညနေ ၃နာရီ ၃၇မိနစ်မှ ညနေ ၆နာရီအတွင်း

-ဗုဒ္ဓဟူးနေ့တွင် နံနက် ၆နာရီမှ နံနက် ၈နာရီ ၂၄မိနစ်အတွင်း

-ကြာသာပတေးနေ့တွင် နံနက် ၈နာရီ ၂၅မိနစ်မှ နံနက် ၁၀နာရီ ၄၈မိနစ်အတွင်း

-သောကြာနေ့တွင် နံနက် ၁၀နာရီ ၄၉မိနစ်မှ နေ့လည် ၁နာရီ ၁၂မိနစ်အတွင်း

-စနေနေ့တွင် နေ့လည် ၁နာရီ ၁၃မိနစ်မှ ညနေ ၃နာရီ ၃၆မိနစ်အတွင်း

စိပ်ရမည့် ဂါထာ

ဥုံ အရဟံ လာဘံ သ္ဓိ ဂါထာကို မုဆိုးရွှေအိုးရကိန်း အချိန်များအတွင်း 108 လုံး ပုတီးဖြင့် ၃ ပတ်စိပ်ပါ။ ခုနှစ်ရက်ပြည့်အောင် စိပ်ပါ။ငွေကြေးနှင့်ပတ်သက်၍ လာဘ်ပိတ်သူကို လာဘ်ပွင့်စေသည်။

အလုပ်အကိုင် အဆင်ပြေစေသည်။ ဈေးရောင်းဈေးဝယ်၍ ကောင်းစေသည်။ အလုပ်အတွင်း အတိုက်အခံ အနှောက်အယှက် ကင်းစေသည်။ ရာထူးတိုးတက်စေသည်။ မိမိအလိုရှိရာ ဆုတောင်း၍ ပုတီးစိပ်နိုင်ပါသည်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!