Latest Breaking News & Headlines

စစ်တွေကနေ ရန်ကုန် လာသူတိုင်း Q ဝင် ရမည်၊ ကိုဗစ် ရှိ/မရှိ (၂) ခါ စစ်မည်…

82

ရခိုင်ပြည်နယ် စစ်တွေမှ ရန်ကုန်သို့ လာရောက် မည့်သူများအနေဖြင့် ရန်ကုန်မြို့တွင် Quarantine နေထိုင်ရမည် ဖြစ်ပြီး Swab နှစ်ကြိမ် ရယူမည်ဖြစ်ကြောင်း သြဂုတ် ၂၀ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားခဲ့ပါတယ်…

“စစ်တွေမှ ရန်ကုန်သို့ လာရောက်ကြမည့် သူများ ရန်ကုန်တွင် Quarantine နေရပါမည်။ Swab နှစ်ခါ ယူရပါမည်။ Hotel သို့ Facility Quarantine ရွေးချယ်နိုင် ပါသည်” ဟု ဝန်ကြီး ဦးနိုင်ငံလင်းက ရေးသားထားပါတယ်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်တွေမြို့နယ်၌ ကိုဗစ်ရောဂါအတည်ပြုလူနာများနှင့် ထိတွေ့မှု မရှိသည့်အပြင် ပြည်ပသို့ ခရီးသွားရာဇဝင်မရှိသည့် အသက် ၂၆ နှစ်အရွယ် အမျိုးသမီး တစ်ဦးတွင် ကိုဗစ် ရောဂါပိုး တွေ့ရှိရပြီးနောက် စစ်တွေမြို့တွင် အခြားကူးဆက်မှုများလည်း ဖြစ်ပေါ်လျက် ရှိသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သြဂုတ် ၂၀ ရက် နံနက် ၈ နာရီ သတင်းထုတ်ပြန်ချက်အရ ကိုဗစ် ရောဂါပိုးတွေ့ရှိသူ အထက်ပါအမျိုးသမီးနှင့် ထိတွေ့မှုရှိသူ စစ်တွေမြို့နယ်နေ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးနှင့် ပြည်ပခရီးသွားရာဇဝင်မရှိသည့်အပြင် ကိုဗစ် ရောဂါပိုးရှိသူ ထိတွေ့မှုမရှိဘဲ စစ်တွေမြို့နယ်နေ အသက် ၂၉ ရွယ် အမျိုးသမီး တစ်ဦးတို့တွင် ကိုဗစ် ရောဂါပိုး တွေ့ရှိရကြောင်း သိရသည်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!