ရန်ကုန် တိရစ္ဆာန်ဥယျာဉ်မှ ကျား၊ ခြင်္သေ့ အပါအဝင် တိရိစ္ဆာန်များကို ယာယီ မွေးစားနိုင်ပြီ…
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ ကျား၊ ခြင်္သေ့ အပါအဝင် ချစ်စရာ တိရိစ္ဆာန်လေး များကို ယာယီမွေးစား နိုင်မည့် အစီအစဉ်စတင်ပြီ… ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်မှ ချစ်စရာတိရိစ္ဆာန်လေးများကို သြဂုတ်လ (၁၈) ရက်မှ စတင်ကာ ယာယီမွေးစား နိုင်ပြီဖြစ်ကြောင်း အဆိုပါ ဥယျာဉ်က ထုတ်ပြန်လိုက်သည်။ လက်ရှိတွင် တိရိစ္ဆာန် ချစ်သူများ အနေဖြင့် ယာယီမွေးစားခွင့် ရရှိရန် ကုန်ကျစရိတ် အချို့ကို တွက်ချက် လျက်ရှိပြီး၊ တိရိစ္ဆာန် (၅) မျိုးဖြစ်သော ကျား၊ ခြင်္သေ့၊ ဆင်၊ ဝက်ဝံနှင့် ပန်ဒါနီ အကောင်ကြီးနှင့် အကောင်ငယ်များကို ယာယီမွေးမြူနိုင်မည်ဖြစ်ကြောင်း အဆိုပါ ဥယျာဉ် မန်နေဂျာ ဦးမိုးကျော်သူက ပြောကြားလိုက်သည်…

“လက်ရှိမှာ ယာယီမွေးမြူချင်တဲ့ သူတွေ မေးမြန်းတာမျိုး ရှိနေပါပြီ။ ကျွန်တော်တို့ လက်ခံဖို့ အတွက် တွက်ချက်မှုတွေ လုပ်နေပါပြီ။ မွေးစားခွင့် အတွက် စာရွက်စာတမ်းလေးတွေ လုပ်နေတဲ့ အတွက် မွေးခွင့်ရပြီဆိုရင် ကျွန်တော်တို့ Yangon Zoo Page မှာ တင်ပေးသွားမှာပါ” ဟု ယင်းက ရှင်းပြသည်…

မွေးမြူသူ အနေဖြင့် ယာယီမွေး မြူနိုင်သည့် ကာလမှာ သုံးလ (သို့မဟုတ်) ခြောက်လ ဖြစ်ပြီး အစာ အဟာရ ထောက်ပံ့ခြင်းနှင့် ကျန်းမာရေးထောက်ပံ့ပေးသည့် အစီအစဉ်များပါဝင်မည်ဖြစ်ကြောင်း၊ မိမိတို့ မွေးမြူသည့် တိရိစ္ဆာန်လေး များကို ရန်ကုန်တိရိစ္ဆာန်ဥယျဉ်အတွင်း အကြိမ်သုံးဆယ် လာရောက်တွေ့ဆုံခွင့် ပြုသွားမည် ဖြစ်သည့်အပြင် ယာယီမွေးစားသည့် ဂုဏ်ပြု လက်မှတ်များပေး အပ်သွားမည် ဖြစ်ကြောင်း သိရသည်…


အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….