Latest Breaking News & Headlines

ရည်းစားဟောင်းရဲ့ဓာတ်ပုံကို ဘယ်သူအကြာဆုံးကြည့်နိုင်လဲ ဆိုပြီးပြိုင်ပွဲလုပ်ကာ ယှဉ်ပြိုင်ခဲ့ကြသူများ…

94

အင်ဒိုနီးရှားနိုင်ငံ Magelang မြို့အနီးမှာရှိတဲ့ ရွာလေးတစ်ရွာဟာဆိုရင် August 17 ရက်နေ့က အင်ဒိုနီးရှားနိုင်ငံလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ သာမှန်မဟုတ်တဲ့ကစားပွဲတစ်ခုကို ကျင်းပပြုလုပ်ခဲ့ပါတယ် ။ ပုံမှန်ကျင်းပနေကျကစားပွဲမျိုးမဟုတ်ဘဲ ၊ လူငယ်တစ်စုက ၎င်းတို့ရဲ့ရည်းစားဟောင်းဓာတ်ပုံကို အကြာဆုံးကြည့်နိုင်တဲ့သူ မည်သူမဆို ပြိုင်ပွဲမှာအနိုင်ရမည် စတဲ့ကစားနည်းဖြစ်ပါတယ် …

အဆိုပါကစားပွဲကို ပျော်စေလိုတဲ့ရည်ရွယ်ချက်တစ်ခုတည်းနဲ့သာ ဆော့ကစားခဲ့တာဖြစ်ပြီး ၊ Covid -19 ရောဂါကာလအတွင်း အခြားအားကစားပွဲတွေကျင်းပခွင့်မရှိလို့ ယခုလိုအပျော်သဘောနဲ့ဆော့ကစားခဲ့တာဖြစ်ကြောင်း ရှင်းပြခဲ့ပါသေးတယ်…

ပြိုင်ပွဲစီစဉ်သူ နှင့် သူ၏သူငယ်ချင်းတစ်ဖွဲ့လုံးက အဆိုပါပြိုင်ပွဲကိုယှဉ်ပြိုင်ခဲ့ကြလို့ ဒေသခံတွေရဲ့စိတ်ဝင်စားခြင်းကိုခံခဲ့ရပါတယ် ။ ပြိုင်ပွဲစီစဉ်သူရဲ့ အိမ်ရှေ့မှာတင် အဆိုပါပြိုင်ပွဲကိုပျော်ရွှင်စွာ ဆော့ကစားခဲ့ကြတာပါ ။ ရွာသူ ၊ ရွာသားတွေကလည်း အဆိုပါပြိုင်ပွဲကို ပျော်ရွှင်စွာ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရှိရပါတယ်…

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!