Latest Breaking News & Headlines

သားသား နားနား ဈေးနူန်း သက်သက် သာသာ နဲ့ မြန်မာ့ မီးရထားကို စီးပြီး လိုရာခရီး အဆင်ပြေ ချောမွေ့စွာ သွားနိုင်ပါပြီ…

95

မွန်ပြည်နယ် ကို သွားမယ့် လေအိတ် ရထားတဲ့ ….ခရီးသွားတွေ စည်းကမ်း ရှိဖို့လည်း လိုတယ်…ရန်ကုန်-မော်လမြိုင်-ရန်ကုန် အစုန် အဆန်ပြေးဆွဲမည့် လေအိတ်မီးရထားသစ်ကြီး မော်လမြိုင် ဘူတာကြီးသို့ ယနေ့နံနက် ၅ နာရီ အချိန်တွင် ဆိုက်ရောက်လာပါပြီ။ခရီးသည်များ အဆင်ပြေစေရန် အတွက် ဖုန်းအားသွင်းတဲ့ အပေါက်တွေလဲ ပါပါတယ်။ရန်ကုန်-မော်လမြိုင် လမ်းပိုင်း အတွင်း(22.8.2020)နေ့တွင် စတင်ပြေးဆွဲမည့် ၈၃အဆန်၈၄အစုန် လေအိပ်အထူးရထား ယနေ့ည စမ်းသပ်ပြေးဆွဲပါတယ်။ခရီးစဉ် အစ-အဆုံး Mask တပ်စီးရပါမယ်။ရထားတွဲများတွင် CCTV များ တပ်ဆင်ထားပြီး ဆေးလိပ်သောက်ခြင်း၊ ကွမ်းတံတွေးထွေးခြင်း၊အမှိုက်ပစ်ခြင်း၊ အတွဲများ မဖွယ်မရာပြုခြင်းများ မပြုလုပ်ရပါ။စည်းကမ်းဖောက်ဖျက်သော ခရီးသည်များကို ဥပဒေအရ အရေးယူပါမယ်…

ရထားသစ်ကြီး ကို စည်းကမ်းရှိစွာ စီးကြပါ။စည်းကမ်းမရှိသူများ ကိုလည်း ဝိုင်းဝန်း ဆုံးမကြပါ။လက်မှတ်ဝယ် ရတာ အဆင်မပြေရင်၊ မှောင်ခိုရောင်းရင်တိုင်ကြပါ။အမှတ် ၈၃အဆန် ရန်ကုန်-မော်လမြိုင် အမှတ် ၈၄အစုန် မော်လမြိုင်-ရန်ကုန် ‌ လေအိပ် (အထူး)ရထား အချိန်စာရင်းအမှတ် ၈၃အဆန် ရန်ကုန်-မော်လမြိုင် ရထား ရန်ကုန်မှ ထွက်ခွာချိန် – ည~၈:၀၀နာရီ မော်လမြိုင်ရောက်ရှိချိန် –နံနက်~၅:၁၅နာရီအမှတ် ၈၄

အစုန် မော်လမြိုင်-ရန်ကုန် ‌ရထား မော်လမြိုင်မှ ထွက်ခွာချိန် – ည~၉:၀၀နာရီရန်ကုန်ရောက်ရှိချိန် – နံနက်~၆:၀၀နာရီ ရပ်တန့်မည့်ဘူတာများ ပဲခူး၊ ကျိုက်ထို၊ တောင်စွန်း၊ သထုံ၊ ပေါင် လက်မှတ်ခ ရိုးရိုးတန်း ၄၀၀၀ ကျပ် အထက်တန်း ၈၀၀၀ ကျပ် အထက်တန်း(၄)တွဲရိုးရိုးတန်း(၅)တွဲဖြင့် ချိတ်ဆက်ပြေးဆွဲပါမည်။ ခရီးသွား မိဘ ပြည်သူအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ၊ စည်းကမ်းရှိစွာဖြင့် မြန်မာ့မီးရထားကို အားပေးကြပါ…

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!