Latest Breaking News & Headlines

Covid – 19 ကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်နိုင်အောင် စွန့်ပစ်ထားတဲ့ mask အဟောင်းတွေကို နေ့စဉ်လိုက်လံကောက်ယူသိမ်းဆည်းပေးနေတဲ့ မောင်နှမ…

24

ယခုလို ကူးစက်ရောဂါမျိုးဖြစ်နေချိန် အချို့တစ်ကိုယ်ကောင်းဆန်လွန်းတဲ့သူတွေဟာ Quarantine နေရမှာ သိသိရက်နဲ့ လူစည်းကားတဲ့နေရာမျိုးလှည့်ပတ်သွားလာနေတာမျိုး ပြုလုပ်နေလျက်ရှိပါတယ် ။ သို့ပေမဲ့လည်း မလေးရှားနိုင်ငံ Penang က မောင်နှမနှစ်ယောက်ကတော့ ၎င်းတို့တိုင်းပြည်အတွက် သက်နိုင်သလောက် အကောင်းဆုံးနည်းလမ်းကနေ ကူညီပေးနေလျက်ရှိပါတယ် ။ Vasugi Ramasamy နှင့် သူမ၏မောင်လေး Suriya Kuppusamy တို့ဟာ သူမတို့နေအိမ်ရဲ့ အနီးပတ်ဝန်းကျင်တစ်လျှောက် လမ်းဘေးတွေမှာ စွန့်ပစ်ထားတဲ့ အသုံးပြုပြီးသား mask တွေကို လိုက်လံသိမ်းဆည်းပေးနေလျက်ရှိပါတယ် ။ ဒီလိုရောဂါဖြစ်နေချိန် ပိုးမွှားတွေ ၊ ဘတ်တီးရီးယား တွေ ၊ ဗိုင်းရပ်စ်တွေ ပေါက်ဖွားမှုမရှိအောင်ရည်ရွယ်ပြီး သူမတို့ရဲ့အစီအစဉ်ကို ပြီးခဲ့တဲ့ August 17 ရက်နေ့ကစပြီး လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်…

” သူငယ်ချင်းတို့ရေ အသုံးပြုပြီးသား mask ကိုဘယ်နေရာမှာဖြစ်ဖြစ် စွန့်ပစ်မယ်ဆိုရင် စဉ်းစားပါအုံး ၊ လူကြီးတွေ ပြီးတော့ ငါတို့ရဲ့ကလေးငယ်တွေက ကျန်းမာရေးကောင်းရဲ့လား ၊ သူတို့ရဲ့ကိုယ်ခံအားတွေက ကောင်းရဲ့လား ဆိုတာကို ငါတို့မသိနိုင်ပါဘူး ။ ပြီးတော့ သူတို့တွေကပဲ Covid-19 ကူးစက်ခံရနိုင်တဲ့ ပထမဆုံးသောသူတွေဖြစ်နိုင်လို့ပါပဲ ” ဆိုပြီး Vasugi ကရေးသားခဲ့ပါတယ်…

ရောဂါကာကွယ်ရန် တစ်ကိုယ်ရေသန့်ရှင်းရေး နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးတို့ဟာ အဓိကဖြစ်တဲ့အတွက် အားလုံးသောလူသားတိုင်းမှာ တာဝန်ရှိကြောင်း သူမကပြောဆိုခဲ့ပါတယ် ။ သူမဝေမျှခဲ့တဲ့ post ကြောင့် လူအတော်အများကလည်း mask ကို အလွယ်တကူမစွန့်ပစ်ဖို့ သတိရမိသွားကြမှာပါ…

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!