Latest Breaking News & Headlines

ပညာရေးဝန်ကြီးဌာန အောက်ရှိ ဆရာ/ဆရာမ အားလုံး ကျူရှင် သင်ခွင့်မပြု ရတဲ့ ကိစ္စ ဒုညွှန်ချုပ် ရှင်းပြီ…

243

ကျူရှင် မသင်ခိုင်းရခြင်းမှာ ကျူရှင်ယူသည့်ကလေးနှင့် မယူသည့်ကလေး တို့ကြား ဆရာအချို့၏ ဘက်လိုက်မှု၊ ပစ်ပယ်မှုတို့ရှိခြင်းကြောင့်ဖြစ်ကြောင်းအခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောကြားလိုက်သည်…

“နှစ်စဉ် ကျူရှင်မသင်ရဘူး။ လက်မှတ်ထိုးတာတော့ ထိုးတာပါပဲ။ ထိုးပြီး တော့ တိုင်ခံရတာမရှိဘူးဆိုရင် ဒီလိုပဲသင်နေကြတာပေါ့။တကယ်လို့မကျေနပ်လို့တိုင်ရင်ပေါ့။အခုလည်းမကြာမကြာတိုင်စာတွေ ဆရာတို့ဆီရောက်ပါတယ်။တိုင်စာက သင်တဲ့လူနဲ့ မသင်တဲ့လူကြားမှာရှိတာနဲ့ သင်တဲ့လူအချင်းချင်းလုတာနဲ့ အဲဒီပြဿနာ တွေပေါ့။သင်ပြီးတော့ မထိရောက်ဘဲနဲ့ကျောင်းသူ၊ ကျောင်းသားတွေ စိတ်ဓါတ်တွေ ယိုယွင်းအောင်လုပ်တဲ့ ဆရာ၊ ဆရာမတွေတချို့က ရှိတာပေါ့။ ဘက်လိုက်တာတို့ ၊ နှိပ်ကွက်တာတို့၊ သူ့ကျူရှင်ကို လာမတက်ရင် ဒီကလေးကို ပစ်ပယ်တာမျိုးတို့ ဘက်လိုက်တာမျိုးတို့ ဒါမျိုးတွေလုပ်တဲ့ဆရာ၊ ဆရာမတချို့ရှိနေတာကြောင့်မို့လို့ ကောင်းတဲ့ဆရာ၊ဆရာမအများစုကတော့ မခံမရပ် နိုင်ဖြစ်တာပေါ့” ဟု ဒုညွှန်ချုပ်ကပြောသည်…

လက်ရှိတွင် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန လက်အောက် ရှိ အခြေခံကျောင်းများအပါအဝင် အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်ကျောင်းများတွင်ပါဆရာများအနေဖြင့် ကျူရှင် သင်ခွင့်မပြု ကြောင်းသိရသည်။ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဒေါက်တာဒေါ်ခင်စန်းရီ လက်ထက်တွင် ဆရာ၊ ဆရာမ များအနေဖြင့် ကျောင်းချိန် ပြီးဆုံးပါက မိမိတတ်ကျွမ်းသည့်ပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုသည်ကို ခွင့်ပြုကြောင်းသတင်းမီဒီယာများသို့ ပြောကြားခဲ့မှုတို့ရှိသည်…

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!