Latest Breaking News & Headlines

ရုရှားနိုင်ငံတွင် covid 19 ကာကွယ်ဆေး ပထမအသုတ် ထုတ်လုပ်မူ စတင်…..

96

ပရိတ်သတ်ကြီးရေ သမ္မတ ဗလာဒီမာပူတင်က ကိုဗစ် ကာကွယ်ဆေးတစ်မျိုးကို အတည်ပြုသည့် ကမ္ဘာ့ ပထမဆုံးတိုင်းပြည်အဖြစ် ကြေညာပြီးနောက် ပထမအသုတ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်ခဲ့ကြောင်း ရုရှားနိုင်ငံက ပြောကြားလိုက်သည်။ရုရှားသမ္မတ ပူတင်၏ သြဂုတ်လ ၁၁ ရက်က ကိုဗစ်ကာကွယ်ဆေးနှင့် ပတ်သက်သော ကြေညာချက် ကို သိပ္ပံပညာရှင်များနှင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်းထံမှ သတိပေးခဲ့ပြီး ဘေးအန္တရာယ်ကင်းမှု ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

“ဂါမာလီယာအင်စတီကျု့ရဲ့ ပထမအသုတ် ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေးကို ထုတ်လုပ်ပါပြီ” ဟု ကျန်း မာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောသည်။လက်တွေ့စမ်းသပ်မှုများ မပြီးဆုံးသေးသလို လူပေါင်း ၂၀၀၀ ကျော်ပါဝင်သော နောက်ဆုံးအဆင့် စမ်းသပ်မှုကို ယခုအပတ်အတွင်း စတင်ခဲ့သော်လည်း ကိုဗစ်ကာကွယ်ဆေးက အန္တရာယ်ကင်းပြီး သမီးတစ်ဦးကို ကာကွယ်ဆေးထိုးခဲ့ကြောင်း သမ္မတ ပူတင်က ပြောကြားခဲ့သည်။အနောက်နိုင်ငံများမှ သိပ္ပံပညာရှင်များက ကာကွယ်ဆေးတစ်မျိုး မြန်ဆန်စွာ ထုတ်လုပ်မှုက အန္တရာယ် များကြောင်း သတိပေးခဲ့သော်လည်း ရုရှားနိုင်ငံ၏ သုတေသသနကို ထိခိုက်စေသည့် ကြိုးပမ်းမှုတစ်ရပ်ဟု ဆိုကာ ပူတင်က ဝေဖန်မှုများကို ရှုတ်ချခဲ့သည်။ ရုရှားနိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ၁၉၅၇ ခုနှစ်တွင် အာကာသအတွင်း ပထမဆုံးအကြိမ် လွှတ် တင်ခဲ့သည့် ဆိုဗီယက်ခေတ် ဂြိုဟ်တုဖြစ်သော “Sputnik-V” ဟု ခေါ်ဆိုသည်။

အဆိုပါ ကိုဗစ်ကာကွယ်ဆေးကို မော်စကိုမြို့တော်ရှိ ကူးစက်ရောဂါ ဆိုင်ရာ သုတေသနအဖွဲ့အစည်း ဖြစ်သည့် ဂါမာလီယာက ရုရှား ကာကွယ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ကာ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်မှုကို စက်တင်ဘာလမှ စတင်မည်ဟု မျှော်မှန်းရပြီး ဒီဇင်ဘာ သို့မဟုတ် ဇန်နဝါရီလမှစ၍ တစ်လလျင် အလုံးရေ ၅ သန်း ထုတ် လုပ်ရန် စီစဉ်ထားကြောင်း ရုရှားနိုင်ငံက ပြောသည်။ ကိုဗစ်ကာကွယ်ဆေးကို ပထမဆုံးအနေဖြင့် ဆရာဝန်များ၊ နောက်ပိုင်း ရုရှားနိုင်ငံသားအားလုံးရရှိအောင် ဆောင်ရွက်မည်ဟု ကျန်းမာရေးဝန်ကြီး မီခေးလ်မူရတ်ရှ်ကိုက ပြောကြားခဲ့သည်။ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ၉၁၇,၀၀၀ ကျော်ရှိ သော ရုရှားနိုင်ငံက အမေရိကန်၊ ဘရာဇီးနှင့် အိန္ဒိယနိုင်ငံပြီးလျင် ကမ္ဘာပေါ်တွင် ကူးစက်မှုအရ စတုတ္ထအမြင့်ဆုံးတိုင်းပြည်ဖြစ်နေပါသည်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!