ရန်ကုန်-မော်လမြိုင် လေအိတ် အမြန်ရထားကို ၂၂ ရက်တွင် စတင်ပြီး ပြေးဆွဲတော့မည်…
ရန်ကုန်-မော်လမြိုင် လေအိတ်အမြန်ရထားကို ယခုလ ၂၂ ရက်တွင် စတင်ပြေးဆွဲမည်
ရန်ကုန်-မော်လမြိုင် လေအိတ်အမြန်ရထားခရီးစဉ်ကို ယခုလ ၂၂ ရက်တွင်
စတင်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်း မော်လမြိုင်ဘူတာမှ သိရသည်…

အဆိုပါ ခရီးစဉ်သည် လမ်းခရီးတွင် ပေါင်ဘူတာ၊သထုံဘူတာ၊ကျိုက်ထိုဘူတာ စုစုပေါင်း ဘူတာသုံးခုတွင်သာ ရပ်တန့်သွားမည်ဖြစ်ကြောင်း နှင့်
လေအိတ်ရထားဖြစ်သည့်အတွက် တွဲသန့်ရှင်းမှုများ အထူးကောင်းမွန်ပြီး ခရီးသည်များလုံခြုံရေးအတွက်လည်း
CCTV ကင်မရာများတပ်ဆင်ထားကြောင်း သိရသည်။
ရန်ကုန်-မော်လမြိုင်သို့ ရထား ပြေးဆွဲချိန် ၉နာရီ ခန့်သာ ကြာမြင့်မည်ဖြစ်ကြောင်းနှင့်

လက်မှတ်ခနှုန်းထားအနေဖြင့် အထက်တန်း ကျပ် ၈၀၀၀၊ ရိုးရိုးတန်း ကျပ် ၄၀၀၀ ကျသင့် မည်ဖြစ်ကာ
လက်မှတ်များအား တစ်ရက်ကြိုတင်ရောင်းချမည်ဖြစ်ကြောင်းသိရသည်…
အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….