Latest Breaking News & Headlines

အငယ်ဆုံးသမီးလေး မစ်မစ်တုန်ရဲ့ (၃) လပြည့် မွေးနေ့ကို နေအိမ်မှာပဲ ကိတ်မုန့်လေးခွဲပြီး မိသားစုငါးယောက် ပျော်ရွှင်စွာ ဖြတ်သန်းကုန်ဆုံးခဲ့တဲ့ R ဇာနည်တို့ မိသားစု…

90

အငယ်ဆုံးသမီးလေး မစ်မစ်တုန်ရဲ့ (၃) လပြည့် မွေးနေ့ကို နေအိမ်မှာပဲ ကိတ်မုန့်လေးခွဲပြီး မိသားစုငါးယောက် ပျော်ရွှင်စွာ ဖြတ်သန်းကုန်ဆုံးခဲ့တဲ့ R ဇာနည်တို့ မိသားစု…

နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ R ဇာနည်ကတော့ ပရိသတ်အကြိုက် သီချင်းအေးအေးလေးတွေကို သီဆိုရင်း ဂီတလောကမှာ နှစ်ပေါင်း (၂၀)ကျော်တိုင် အောင်မြင်မှုရရှိနေတာ ဖြစ်ပါတယ်။ R ဇာနည် က တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပရိသတ်အားပေးမှုကို ရရှိနေသလို ပျော်စရာကောင်းတဲ့ မိသားစုလေးကိုလည်း ပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။ R ဇာနည်ကတော့ မော်ဒယ်ဝမ်းနဲ့ အိမ်ထောင်ကျပြီးနောက် အခုဆိုရင် သားသမီးသုံးယောက် ထွန်းကားခဲ့ပြီပဲ ဖြစ်ပါတယ်…

R ဇာနည်က သူ့ရဲ့ အငယ်ဆုံးသမီးလေးကို ပြီးခဲ့တဲ့ မေလ (၁၄) ရက်နေ့ကပဲ ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး သမီးငယ်လေးရဲ့ နာမည်ကို မေဘုန်းဇာနည် @ မစ်မစ်တုန်လို့ နာမည်ပေးခဲ့တာ ဖြစ်ပါတယ်။ မနေ့က သြဂုတ်လ (၁၄) ရက်နေ့ကတော့ မစ်မစ်တုန်လေးရဲ့ (၃) လပြည့် မွေးနေ့လေးပဲ ဖြစ်ပြီး R ဇာနည်တို့ မိသားစုက နေအိမ်မှာပဲ ကိတ်မုန့်လေးခွဲပြီး မိသားစုငါးယောက် ပျော်ရွှင်စွာ ဖြတ်သန်းကုန်ဆုံးခဲ့ကြတာကို တွေ့ရပါတယ်…

R ဇာနည်ကတော့ သားနှစ်ယောက် သမီးတစ်ယောက်နဲ့ ပျော်ရွှင်စရာကောင်းပြီး ပြည့်စုံတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း R ဇာနည်တို့ မိသားစုကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်လို့ ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်…

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!