Latest Breaking News & Headlines

ကျောင်းဖွင့်ချိန်နောက်ကျ၍ အခြေခံပညာကျောင်းများတွင် စာမေးပွဲ စစ်ဆေးခြင်းများကို စာသင်ကြား သေလာက်သာ စစ်ဆေး မေးမြန်းမည်…

96

ကျောင်းဖွင့်ချိန်နောက်ကျ၍ အခြေခံပညာကျောင်းများတွင် စာမေးပွဲစစ်ဆေးခြင်းများကို စာသင်ကြားသလောက်သာ စစ်ဆေးမေးမြန်းမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်…

“စာမေးပွဲဆိုတာ ဒီခေတ်မှာတော့ အရေးမကြီးတော့ပါဘူး။ စာမေးပွဲထက်စာလို့ရှိရင်ကလေးကတကယ်တတ်သွားတဲ့ဟာကိုပဲလိုချင်တာပေါ့။မတတ်ဘဲနဲ့ စာမေးပွဲအောင်ဖို့ပဲလုပ်ခဲ့တာဟာနှစ်ပေါင်းများစွာကြာခဲ့တဲ့အခါကြတော့ မလိုလားအပ်ဘဲနဲ့ကျူရှင်တွေဘာတွေအများကြီးဖြစ်သွားတာပေါ့။ဒါကြောင့် ဒီနောက်ပိုင်းပညာရေးစနစ်က ကျူရှင်စနစ်မလိုလောက်အောင် ပေးထားတဲ့ ပညာရေးစနစ်ဖြစ်တာပေါ့။စာမေးပွဲကိုဦးမတည်ပါဘူး။ကျောင်းသူ၊ကျောင်းသားတွေကို C လေးလုံးပေါ့။၂၁ရာစုကျွမ်းကျင်မှုတွေပဲရအောင်သွားမှာဖြစ်ပါတယ်။ဒါကြောင့်မို့ကျောင်းဖွင့်တာနောက်ကျလည်းပဲ ဘာမှပူစရာမလိုဘူး။အဓိကတော့ ၁ရက်သင်ခွင့်ရရင်ကိုပဲ ၁ရက်ကလေးတွေအတွက်အကျိုးရှိတယ်လေ…

အဲဒီသဘောမျိုးနဲ့သါားတာဖြစ်ပါတယ်။စာမေးပွဲကတော့ ဆယ်ရက်စာသင်ရင်ဆယ်ရက်စာပဲမေးမှာပေါ့။တစ်လစာသင်ရင်တစ်လစာပဲမေးမှာပေါ့”လို့ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောသည်ကပြောသည်။ အခြေခံပညာကျောင်းများတွင်ကျောင်းတွင်းစာမေးပွဲစစ်ဆေးခြင်းကို တစ်နှစ်လျှင် လေးကြိမ်စစ်ဆေးမေးမြန်းပြီး အထက်တန်းအဆင့် သင်ယူပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးရာတွင် စာမေးပွဲလေးကြိမ်ပြည့်မှီအောင်ဖြေဆိုထားရန် လိုအပ်ကြောင်းသိရသည်…

လက်ရှိတွင် အခြေခံပညာအထက်တန်းအဆင့်ကျောင်းပေါင်း ၃၀၀၀ ကျော်ဖွင့်လှစ်ရန်ကျန်ရှိနေပြီး စက်တင်ဘာလအတွင်းတွင် အခြေခံပညာအလယ်တန်းအဆင့်ကျောင်းများကို အစိုးရသက်မှတ်ချက် covid 19ကပ်ရောဂါ ကာကွယ်ရေးအချက် ၈၀ ပြည့်မှီကိုက်ညီမှသာဖွင့်လှစ်ခွင့်ပေးမည်ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင်အခြေခံပညာကျောင်းပေါင်းလေးသောင်းကျော် ဆရာ၊ဆရာမ လေးသိန်းကျော်ရှိကြောင်းသိရသည်…

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!