Latest Breaking News & Headlines

ဆယ်တန်းကို ဂုဏ်ထူး(၃)ဘာသာနဲ့ အောင်မြင်တဲ့ ဒါရိုက်တာအောင်ဇော်လင်းရဲ့ သမီးလေးကို အိမ်ခေါ်ပြီး မုန့်ဖိုးပေးဂုဏ်ပြုခဲ့တဲ့ နေတိုး…

199

မင်းသားချော နေတိုးကတော့ ငယ်စဉ်ကတည်းက အနုပညာကို ဝါသနာပါခဲ့သူဖြစ်ပြီး ဆယ်တန်းအောင်ခါစအရွယ်ကတည်းက ရခိုင်ကနေ ရန်ကုန်တက်ပြီး အနုပညာအလုပ်တွေကို ဇွဲရှိရှိလုပ်ကိုင်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ နေတိုးက အခုဆိုရင် အနုပညာလောကမှာ ကျင်လည်ခဲ့တာ နှစ်ပေါင်း (၂၀)နီးပါးအချိန်ရှိပြီဖြစ်ပြီး ပရိသတ်အားပေးမှုနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေလျက်ရှိပါတယ်။ နေတိုးကလည်း သူ့ရဲ့ အနုပညာကို အားပေးကြတဲ့ ပရိသတ်တွေကို လေးစားချစ်ခင်မှုရှိသလို သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုမောင်နှမ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း မိသားစုလို သဘောထားသူတစ်ယောက် ဖြစ်ပါတယ်…

ဒီတစ်ခေါက်မှာလည်း နေတိုးက ဆယ်တန်းကို ဂုဏ်ထူး(၃)ဘာသာနဲ့ အောင်မြင်တဲ့ ဒါရိုက်တာအောင်ဇော်လင်းရဲ့ သမီးလေးကို အိမ်ခေါ်ပြီး မုန့်ဖိုးပေးဂုဏ်ပြုခဲ့ပြီး ဒါရိုက်တာ အောင်ဇော်လင်းက “သမီးအတွက် သတိတရနဲ့ မုန်ဖိုးခေါ်ပေးပြီး သမီးကန်တော့တာကို သေသေချာချာ ဆုတောင်းပေးနေတာ ကြည့်ပြီး တကယ်ကြည်နူးမိတယ်…ကျေးဇူးပါ..မင်းသားရေ.” ဆိုပြီး နေတိုးကို ကျေးဇူးတင်စကား ပြေထားပါတယ်…

နေတိုးကတော့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုသာမက သူတို့ရဲ့ မိသားစုဝင်တွေကိုလည်း ချစ်ခင်တယ်ဆိုတာကိုတော့ အထွေအထူးပြောစရာလိုမယ် မထင်ပါဘူး။ စိတ်ထားကောင်းတဲ့ မင်းသားချော နေတိုးတစ်ယောက် အကယ်ဒမီဆုကြီးတွေကို ဒီထက်မက ဆွတ်ခူးရရှိနိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်…

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!